သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်း ကပ်ပါးပိုး


သန်း ကပ်ပါးပိုး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ကလေး၊ လူကြီး ကျားမ မရွေး ဦးခေါင်းဆံပင်မှာ သန်းတွယ်ကပ်တဲ့ ပြဿနာ အဖြစ်များလေ့ရှိတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုကြပါတ

ကလေးငယ်တွေမှာ ပိုအဖြစ်များတဲ့ ဒီသန်း ကပ်ပါးပိုး ကူးစက်ရပုံမှာ သန်းရှိသူကတဆင့် ရရှိကြတာ ဖြစ်ပါတယ်။ သန်းရှိတဲ့သူရဲ့ ဆံပင်နဲ့ ထိတွေ့တာ၊ ခေါင်းအုံး၊ မျက်နှာသုတ်ပုဝါ၊ ဦးထုတ်၊ အဝတ်အစား၊ဆံပင်ဖဲကြိုး စတာတွေ အတူတူ သုံးတာတွေကြောင့် ကူးစက်ရတာပါ။ ကလေးငယ်တွေမှာ သန်းရှိထားသူနဲ့ တူတူထိတွေ့ ကစားရင်း၊ နပန်းလုံးရင်းလဲ ကူးစက်သွားနိုင်ပါတယ်။ သန်းရှိထားတဲ့ လူကြီးက ကလေးကို ထိတွေ့နမ်းတာကတဆင့်လည်း ကူးစေနိုင်ပါတယ်။

သန်းကပ်ပါးပိုး ကူးတာ မခံရဖို့ သန်းရှိထားသူတွေနဲ့ လက်ပွန်းတတီး မနေဖို့နဲ့ အသုံးအဆောင် အတူမသုံးဖို့ လိုပါတယ်။ သန်းရှိ မရှိ ကြိုသိနိုင်ဖို့ ခေါင်းယားပြီး ကုတ်တာ၊ ဂဏာမငြိမ်ဖြစ်တာ၊ အိပ်မရတာနဲ့ အကုတ်များလို့ ခေါင်းမှာ အနာတွေဖြစ်လာရင်၊ ဘီးစိပ်တိုက်ပြီး သန်းရှိမရှိ ပုံမှန်စစ်ပေးသင့်ပါတယ်။ တစ်ဦးဦးမှာ သန်းရှိပြီ ဆိုရင်လည်း၊ တအိမ်ထဲ အတူနေသူ၊ အနီးကပ် နေထိုင်သူတွေအားလုံး ဘီးစိပ်တိုက် သန်းရှာကြည့်သင့်ပါတယ်။

ဦးခေါင်း ဆံပင်ထဲမှာ သန်းတွယ်နေရင်တော့ စနစ်တကျ ဘီးစိပ်တိုက် ရှင်းပစ်တာအပြင်၊ သန်းသတ်ဆေး ဝယ်သုံးသင့်ပါတယ်။ သန်းသတ်ဆေးမှာ အင်းဆက်သတ်ဆေး ပမာဏ အနည်းအများကို လိုက်ပြီး မှာထားတဲ့ ညွန်ကြားချက်အတိုင်း အတိအကျ လိုက်နာ အသုံးပြုသင့်ပါတယ်။ ဦးခေါင်းမှာ သန်းသတ်ဆေးသုံးတာကနေ မျက်စိထဲ မဝင်ဖို့လည်း အထူးအရေးကြီးတာအပြင်၊ တချို့သန်းသတ်ဆေးတွေက အသက် (၂) နှစ်အောက်နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ မသုံးသင့်ပါဘူး။

ဒီသန်းကပ်ပါးပိုးအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG