သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးကြောကြံ့ခိုင်ကျန်းမာရေး


သွေးကြောကြံ့ခိုင်ကျန်းမာရေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


ကမ္ဘာနဲ့ မြန်မာမှာ သွေးကြောပိတ်တာအပါအဝင် သွေးကြောဆိုင်ရာ ရောဂါတွေအဖြစ်များလာတာမို့ သွေးကြောကြံ့ခိုင်ကျန်းမာရေး ပိုအရေးပါလာတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။

သဘာဝ တရားအရ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ် ပုံမှန်ရှင်သန်ရေးမှာ အထူးအရေးပါတဲ့ သွေးကြောတွေ ဖြည်းဖြည်းချင်း ပျက်စီးလာတတ်ပါတယ်။ ငယ်စဉ်က ပျော့ပြောင်းသန့်စင်နေခဲတဲ့ သွေးကြောတွေဟာ အသက်ကြီးလာချိန်မှာ မာကြောလာပြီး အဖုအထစ်တွေ ဖြစ်လာတတ်ပါတယ်။ နှလုံး ဘယ်လောက်ကောင်းကောင်း ဒီသွေးကြောတွေ မကောင်းတော့ရင် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အလုပ်လုပ်ဖို့လိုတဲ့ အောက်ဆီဂျင်နဲ့ အာဟာရတွေ ပုံမှန်မရတော့တာအပြင်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်အပါအဝင် အညစ်အကြေးတွေကိုလဲ ကောင်းကောင်း မစွန့်ထုတ်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ အသက်ကြီးပေမယ့် ဒီသွေးကြောတွေ မပျက်စီးသွားဖို့ အထူးအရေးကြီးလာပါတယ်။

မျိုးရိုးှဗီဇကြောင့်ဖြစ်ရတာကလွဲလို့ သွေးကြောတွေ အလွန်အမင်း မပျက်စီးသွားအောင် ကာကွယ်နိုင်ပါတယ်။ ကာကွယ်ရေး အဓိက နည်းလမ်းတွေကတော့ ငယ်စဉ်ကထဲက ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာ၊ အဆီအလွန်အကျွံမစားတာ၊ စားသုံးဖို့ မသင့်တော်တဲ့ အဆီတွေကို ခွဲခြားသိနိုင်ပြီး ရှောင်ကျဉ်တာ၊ ဆေးလိပ်မသောက်တာနဲ့ အရက်အလွန်အကျွံ မသောက်တာတွေပဲဖြစ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ်အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစား ပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG