သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားလေယာဉ် အပိုင်စီးခံရ


အပိုင်စီးခံရတဲ့ လစ်ဗျားလေယာဉ် မော်လ်တာ နိုင်ငံ တကာ လေဆိပ် ကို ဆင်းသက်လာစဉ်။ ( ဒီဇင်ဘာ ၂၃၊ ၂၀၁၆)
အပိုင်စီးခံရတဲ့ လစ်ဗျားလေယာဉ် မော်လ်တာ နိုင်ငံ တကာ လေဆိပ် ကို ဆင်းသက်လာစဉ်။ ( ဒီဇင်ဘာ ၂၃၊ ၂၀၁၆)

လေထဲမှာရှိနေချိန် ပြန်ပေးဆွဲခံထားရတဲ့ လစ်ဗျားလေယာဉ် တစင်းဟာ မြေထဲပင်လယ် ထဲက မော်လ်တာကျွန်းနိုင်ငံလေးမှာ ဆင်းသွားပါပြီ။ လေယာဉ်ပေါ်မှာ ပြန်ပေးသမားနှစ်ယောက် ရှိနေပုံရပြီး လေယာဉ်ကို လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ထား ကြောင်း AP သတင်းဌာနက ပြောပါတယ်။

လေယာဉ်ဆင်းပြီး သိပ်မကြာခင်မှာပဲ အမျိုးသမီးနဲ့ ကလေးတွေကို လေယာဉ်ပေါ် ကနေ ထွက်သွားခွင့် ပေးခဲ့ပါတယ်။ တခြား ခရီး သည်တွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒရှိတယ်လို့ ပြန်ပေးသမားတွေက ပြောပေမယ့် လေယာဉ်မှူးကိုတော့ ဆက်ဖမ်းထားမယ်လို့ ပြော ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အမျိုးသမီးတွေကို ပေးဆင်း။
အမျိုးသမီးတွေကို ပေးဆင်း။

လေယာဉ်ကွင်းထဲကို အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လွှတ်ထားတယ်လို့ မော်လ်တာ တာဝန်ရှိသူတွေက ပြောပါတယ်။

လစ်ဗျားနိုင်ငံပိုင် Afriqiyah လေကြောင်းလိုင်းက လေယာဉ်ဟာ ထရီပိုလီမြို့တော် ကနေ နိုင်ငံအနောက်တောင်ပိုင်းက Sabha မြို့ကို ပြည်တွင်းခရီးစဉ် အနေနဲ့ ဒီကနေ့ သွားနေရင်း မော်လ်တာ နိုင်ငံ တကာလေဆိပ် ကို လမ်းကြောင်းပြောင်း ပျံသွားတာပါ။ လေယာဉ်ပေါ်မှာ လူ ၁၁၈ ယောက် ပါသွားပါတယ်။ လေယာဉ်ကို ဘယ်သူတွေက ပြန်ပေးဆွဲသွားတယ်၊ တောင်းဆိုချက်တွေ ရှိတယ်ဆိုရင်လည်း ဘာတွေ တောင်းဆိုထားတယ် ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ပြန်ပေးဆွဲအခြေအနေတရပ် ရှိနေတယ်ဆိုတာ သူ့ကို အကြောင်းကြားထားပြီး လုံခြုံရေးနဲ့ အရေးပေါ်ဆိုင်ရာလုပ်ငန်းတွေ အသင့် ပြင်ထားတယ် လို့ မော်လ်တာဝန်ကြီးချုပ် Joseph Muscat က Twitter မှာ ရေးထားပါတယ်။

လစ်ဗျားလေယာဉ် အပိုင်စီးခံရ
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG