သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV ကာကွယ်ဆေးသစ် တောင်အာဖရိမှာ စသုံး


ကမ္ဘာ့AIDS ညီလာခံမှာ ဆန္ဒထုတ်ဖေါ်နေကြသည့် တောင် အာဖရိက နိုင်ငံသားများ (July 18, 2016)
ကမ္ဘာ့AIDS ညီလာခံမှာ ဆန္ဒထုတ်ဖေါ်နေကြသည့် တောင် အာဖရိက နိုင်ငံသားများ (July 18, 2016)

AIDS ရောဂါကို ဖြစ်စေတဲ့ HIV ပိုး မပျံ့ပွားစေဖို့အတွက် HIV ကိုလုံခြုံစိတ်ချစွာ ကာကွယ်နိုင်မယ့် စမ်းသပ်အဆင့်ရှိ ကာကွယ်ဆေးတမျိုးကို တောင်အာဖရိက နိုင်ငံမှာ စတင်စမ်းသပ် သုံးစွဲနေပြီ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသားကျန်းမာရေးဌာန NIH က ထုတ်ပြန်တဲ့ ကြောညာချက်အရ HVTN 702 ထိုးဆေးဟာ HIV ပိုးကာကွယ်နိုင်ဖို့ တောင်အာဖရိကမှာ အဆင့်အမြင့်ဆုံးနဲ့ အကြီးမားဆုံး စမ်းသပ်မှုဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ HIV/ AIDS ရောဂါသည် ၇ သန်းရှိပါတယ်။

NIH ကျန်းမာရေးဌာနအောက်က ကူးစက်ရောဂါကာကွယ်ရေး NIAID သုတေသန ဌာနရဲ့ဒါရိုက် တာ Anthony S. Fauci ကတော့ တောင်အာဖရိကမှာ အခု စတင် စမ်းသပ်တဲ့ ကာကွယ်ထိုးဆေးဟာ အမေရိကန်စစ်တပ် HIV သုတေသနဌာနဲ့ ထိုင်းကျန်းမာရေး ဌာနတို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံမှာ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ ဆေးပေါ် အခြေခံတာ ဖြစ် တယ်လို့ ဆိုပါတယ်။ HVTN 702 ဆေးကို တောင်အာဖရိက နိုင်ငံရဲ့ ဒေသ ၁၅ ခုက လိင်ဆက်ဆံမှုရှိတဲ့ အသက် ၁၈နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသား အမျိုးသမီး ၅၄၀၀ ကို သုတေသန လုပ်ဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG