သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိခင်ကတဆင့် ရင်သွေးထံ HIV ကူးစက်မှု ကင်းရှင်းနိုင်ငံထဲ ထိုင်း ပါဝင်


ထိုင်းနိုင်ငံ ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လူထု ချီတက်ပွဲတခုမြင်ကွင်း (ဒီဇင်ဘာ ၁ ရက်နေ့၊ ၂၀၁၆)
ထိုင်းနိုင်ငံ ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လူထု ချီတက်ပွဲတခုမြင်ကွင်း (ဒီဇင်ဘာ ၁ ရက်နေ့၊ ၂၀၁၆)

မိခင်ဖြစ်သူကနေ တဆင့် ကလေးကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV ဗိုင်းရပ်စ်နဲ့ ကာလသားရောဂါ ကူးစက်မှု လုံး၀ ကင်းရှင်းတဲ့ နိုင်ငံတွေ အဖြစ် ထိုင်း၊ အာမေးနီးယား၊ ဘဲလာရုစ်နဲ့ Moldova နိုင်ငံတွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ကျူးဘားနိုင်ငံဟာ မိခင်ဖြစ်သူကနေ ရင်သွေးကို HIV နဲ့ ဆစ်ဖလစ် - ကာလသားရောဂါ ကူးစက်မှု လုံး၀ ကင်းရှင်းတဲ့ ပထဆုံး နိုင်ငံ ဖြစ်ခဲ့ပြီး ဒီကနေ့မှာ နောက်ထပ် နိုင်ငံ လေးခုတို့ ကင်းရှင်းတဲ့ နိုင်ငံတွေ ဖြစ်ကြောင်း WHO က ကြေညာလိုက်တာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူကနေ ရင်သွေးကို HIV ဗိုင်းရပ်စ်နဲ့ ဆစ်ဖလစ် - ကာလသား ရောဂါ ကူးစက်မှု လုံး၀ ကင်းရှင်း ပပျောက်ရေး ဆောင်ရွက်နိုင်ခဲ့တဲ့ အပေါ်မှာလည်း ဒီ လေးနိုင်ငံတို့ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ချီးကျူး ဂုဏ်ပြုပါတယ်။ ၂၀၃၀ ပြည့်နှစ် အရောက်မှာ လိင်ဆက်ဆံမှုကနေ တဆင့် ကူးစက်တဲ့ ရောဂါတွေနဲ့ AIDS ကူးစက်မှုကို လုံး၀ အမြစ်ဖြတ် ချေမှုန်းရေး ကမ္ဘာတလွှား ဆောင်ရွက်မှုတွေမှာ မိခင်ကနေ ရင်သွေးကို HIV နဲ့ ကာလသား ရောဂါ ကူးစက်မှု လုံး၀ အမြစ်ပြတ် ချေမှုန်းရေးက အရေးပါပါတယ်။

ဒီ ၄ နိုင်ငံ အနေနဲ့ ကိုယ်ဝန်ဆောင်ကာလ စောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ မိဘ ဖြစ်သူတွေကို HIV နဲ့ ကာလသား ရောဂါ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ကူးစက်ထားတဲ့ အမျိုးသမီးတွေနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေကို ကုသရေးတို့ကို အစွမ်းကုန် အားထုတ် ကြိုးစားခဲ့ကြတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG