သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုမှု ၉ ဦးထက်မနည်း သေဆုံး


ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ဆိပ်မူအုပ်စု၊ နမ့်မှော် ကျေးရွာအတွင်း ရေမဆေးကျောက် ရှာဖွေသူတွေ ကျောင်းစိမ်းရှာဖွေရင်းနဲ့ ကျောက်ကမ်းပါးပြိုကျတဲ့အတွက်ရေမဆေးကျောက်ရှာဖွေသူ ၉ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိခဲ့ပါတယ်။ မအေးအေးမာကသတင်းပေးပို့ ထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြိုနယ်၊ ဆိပ်မူအုပ်စု နမ့်မှော်ကျေးရွာမှာ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ ညက ကျောက်ကမ်းပါး ပြိုကျတာကြောင့် လူ၉ဦၤးသေဆုံးခဲ့ကြောင်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက အခုလိုပြောပါတယ်။

“ ဆိပ်မူအုပ်စု အရင်နေရာကတော့ မဟုတ်ဘူး၊ ဆိပ်မူအပ်စု နမ့်မှော်ကျေးရွာ၊ မော်လကင်မှော် က လုပ်ကွက်ပေါ့နော်ကျနော်တို့သိရသလောက်ကတော့ အဲဒီမှာ ကျောက်ကမ်းပါး ပြိုတာပေါ့နော် ကျန်တာတွေကတော့ ကျနော်တို့လည်း မသိရဘူး အဲဒီ ၉ဦၤးသေတယ်ဆိုတာပဲ သိရတယ်။”

ကျောက်ဆောင်ပြိုကျတဲ့နေမှာတော့ ၆ဦး သေဆုံးခဲ့ပြီး နောက်တရက်ဖြစ်တဲ့ သောကြာနေတုန်း ကတော့ သေဆုံးသူ ၉ဦးရှိကြောင်း ဒေသဆိုင်ရာ လူမူကူညီရေးအဖွဲ့တွေက အတည်ပြုခဲ့တာပါ။ ကျောက်ဆောင်ပြိုကျမှုကြောင့် ၁ဦး- ၂ဦးခန့် ထိခိုက်ဒဏ်ရာရမူတွေလည်း ရှိနေပါတယ် ။ အခုသေဆုံးသွားသူတွေဟာ ရေမဆေးကျောက်ရှာဖွေသူများဖြစ်ပြီးအရင်တုန်းကလို စွန်ပစ်မြေစာပုံ ပြိုကျတာမဟုတ်ပဲ ကျောင်စိမ်းရှာဖွေရင်း ကမ်းပါးပြိုကျပြီးသေဆုံးခဲ့ကြတာဖြစ်တယ် လို့လည်း ဆက်ပြောပြပါတယ်။

“ရေမဆေးကျောက်ရှာတဲ့လူတွေကတော့ မှန်တယ် သို့သော်လည်း သူတို့ အဲဒီမှာ မထင်မှတ်ထားတဲ့ နေရာပေါ့နော် သူတို့ အောက်ကနေသွားလုပ်တဲ့အချိန်ကျတော့ ကမ်းပါးပြိုကျတာမျိုးတို့ဖြစ်တာပေါ့နော် ။ သူတို့ အဲဒီ ကျောက်စိမ်းရဖို့အတွက် သူတို့ အောက်ကိုကျောက်စိမ်းတူးရင်းအချိန်မှာ အပေါ်ကနေပြီးတော့မှပြိုကျတဲ့ ပုံစံပေါ့နော်။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ ကျောက်စိမ်းရှာဖွေတဲ့ ကုမ္ပဏီတွေက စွန်ပစ်မြေစာပုံတွေ စွန့်ပစ်ထားရာကနေ စွန့်ပစ်မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေထဲက ၂ဦးပြီးခဲ့တဲ့ ၂၀၁၆နှစ်ကုန်ပိုင်း အတွင်း သေဆုံးမူဖြစ်ပြီး တချို့ ပျောက်ဆုံးတာတွေလည်းဖြစ်ခဲ့တာပါ။ အခုအခါမှာတော့ကျောက်စိမ်းရှာဖွေရင်းနောက်ထပ်သေဆုံးမူ ဖြစ်ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကနေ ထွက်လာတဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုကြောင့် ဖားကန့်ဒေသမှာ လူသေဆုံးမှုက မကြာခဏဆိုသလို ရှိနေပြီ တခါတရံမှာ ရာနဲ့ချီ ပျောက်ဆုံးမူတွေ ရှိသလို တခါတရံ မှာတော့ ဒါဇင်နဲ့ချီ ပြီး ပျောက်ဆုံးသေဆုံးနေကြရတာလည်း ဖြစ်ခဲ့ရတာပါ။ ၂၀၁၆ ခုနှစ်ထဲမှာပဲ မြေစာပုံ ပြိုကျမှုကြောင့် လူ ၁ဒါဇင်ကျော် သေဆုံးရပြီးနောက်မှာတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက ကျောက်စိမ်း တူးဖော်မှုကြောင့် ဖြစ်လာတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှုတွေ အပါအဝင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ အထိတောင်းဆိုမူတွေလည်းရှိခဲ့တာပါ။ အစိုးရ အဆက်ဆက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို အစိုးရသစ် အနေနဲ့ စည်းကမ်းတင်းကျပ်မှု မလုပ်နိုင်ခင်မှာ ခေတ္တဆိုင်းငံ့ထားဖို့ကိုလည်း Global Witness အပါအဝင် သဘာ၀ ပတ်ဝန်းကျင် အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ၂၀၁၆ခုနှစ်ထဲမှာ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG