သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kosovo အမျိုးသမီးတွေ IS ထဲ ပါဝင်ရတဲ့အကြောင်း


အီရတ်နဲ့ ဆီးရီးယားမှာ IS အဖွဲ့နဲ့အတူ တိုက်ခဲ့တဲ့ Kosovo ဘာသာရေး အစွန်းရောက်တွေကို ဖမ်းဆီးလာစဉ်။
အီရတ်နဲ့ ဆီးရီးယားမှာ IS အဖွဲ့နဲ့အတူ တိုက်ခဲ့တဲ့ Kosovo ဘာသာရေး အစွန်းရောက်တွေကို ဖမ်းဆီးလာစဉ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ရှိတဲ့ IS အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့တွေကို ကူညီ တိုက်ခိုက်ပေးနေတဲ့ Kosovo နိုင်ငံက အမျိုးသမီးတွေဟာ ဘာသာရေးကြောင့် IS အဖွဲ့နဲ့ ပူးပေါင်း တိုက်ခိုက်နေကြခြင်း မဟုတ်ပဲ သူတို့ အဲဒီလို ပါလာအောင် ခင်ပွန်း ဖြစ်သူတွေရဲ့ စည်းရုံး သိမ်းသွင်းမှုတွေကြောင့် မိသားစုနဲ့အတူ နေရအောင် သွားနေကြခြင်းဖြစ်တယ်လို့ သုတေသနတခုမှာ ဖော်ပြထားပါတယ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာရှိတဲ့ IS အကြမ်းဖက်အဖွဲ့မှာ အနောက် ဥရောပနိုင်ငံတွေက အမျိုးသမီး တိုက်ခိုက်ရေးသမား ၇၀၀ ကျော် ရှိနေတာမှာ အဲဒီအထဲက ၄၀ ကျော်ဟာ Kosovo က ဖြစ်ကြောင်း မြို့တော် Pristina အခြေစိုက် Kosovar လုံခြုံရေးဆိုင်ရာ သုတေသန အဖွဲ့ KCSS က အခုသီတင်းပတ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အနောက် ဥရောပတိုက်နိုင်ငံတွေက အမျိုးသမီးတွေကို အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေက အွန်လိုင်းကတဆင့် စည်းရုံး သိမ်းသွင်းကြလေ့ ရှိပေမယ့်လည်း Kosovo က အမျိုးသမီးတွေကတော့ အလုပ်လက်မဲ့ အရေအတွက် များလွန်းတာ၊ ပညာရေး အဆင့်အတန်း နိမ့်ကျတာ စတဲ့ လူမှု စီးပွားရေး အခြေအနေတွေကြောင့် သူတို့ ခင်ပွန်းတွေရဲ့ စည်းရုံး သိမ်းသွင်းခြင်းကို ခံကြရခြင်း ဖြစ်ကြောင်း KCSS အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Kosovo နိုင်ငံမှာ အမျိုးသမီးတွေဟာ လူမှုဘဝရဲ့ ကဏ္ဍအသီးသီးမှာ နှိမ်ချ ဆက်ဆံခံနေကြရကြောင်းလည်း KCSS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG