သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ညာသမ္မတ အပေါ် စွဲဆိုမှု ICC ပလပ်


ကင်ညာသမ္မတနဲ့ ဒုသမ္မတ (ဝဲမှယာ)
ကင်ညာသမ္မတနဲ့ ဒုသမ္မတ (ဝဲမှယာ)

ICC ခေါ်တဲ့ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးက လူသားထု လူ့အဖွဲ့အစည်းအပေါ် ရာဇဝတ်မှုကျူးလွန်ကြောင်း ကင်ညာသမ္မတ Uhuru Kenyatta ကို စွဲဆိုထားတဲ့ အမှုကို ပလပ်လိုက်ပါတယ်။ သမ္မတ Kenyatta အပေါ် စွဲချက်ကို ပြန်ပြီး ရုပ်သိမ်းမလာါ် အမှုပိုခိုင်မာအောင် ဆောင်ရွက်မလားဆိုပြီး တရားရုံးကနေ တရားရုံးရှေ့နေတွေကို အချိန်ပေးပြီး နှစ်ရက်အကြာ အခု သောကြာနေ့မှာ တရားရုံးက ဒီ ဆုံးဖြတ်ချက် ချမှတ်တာဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ချက်ကြောင့်မို့လို့ ကင်ညာနိုင်ငံတွင်း Impunity ခေါ်တဲ့ အာဏာရှိသူတွေက အပြစ်ကင်းလွတ်ခွင့်ရနေတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ ဆောင်ရွက်ချက်တွေ နောက်ပြန်လှည့်စေတယ်လို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဝေဖန်ပါတယ်။ ကင်ညာကိစ္စ တရားစီရင်မှုမှာ အခုလို အတားအဆီးဖြစ်မှုဟာ သြဇာအာဏာကြီးတဲ့ ပုဂ္ဂိုလ်တွေကို ICC က ဘယ်လို အရေးယူနိုင်မလဲဆိုတာ ပြန်တွက်ဆဖို့ အရေးကြီးလာတယ်လို့လည်း ဖော်ပြပါတယ်။

Mr.Kenyatta အမှုဟာ အချိန်မကြာခဏ ရွေ့ဆိုင်းခဲ့ရတာပါ။ သူဟာ ၂၀၀၇ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၀၈ ခုနှစ် အစောပိုင်းက ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေမှာ ပတ်သက်တယ်ဆိုပြီး စွတ်စွဲခံရတာပါ။ အဲဒီ မငြိမ်မသက်မှုေကြာင့် ကင်ညာမှာ လူပေါင်း ၁၁၀၀ လောက် သေဆုံးခဲ့ပြီး၊ ၆သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

XS
SM
MD
LG