သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့ ဗုံးပေါက်ကွဲမှုကြောင့် နယ်စပ်ဂိတ် ပိတ်ထားရ


အိန္ဒိယ-မြန်မာနယ်စပ်
အိန္ဒိယ-မြန်မာနယ်စပ်

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ မတည်မငြိမ်အခြေအနေတွေ ပေါ်ပေါက်ခဲ့ရာက အဓိကနယ်စပ်ဂိတ်ကို ပိတ်လိုက်တဲ့အတွက် ဒေသခံတွေ အခက်အခဲ ကြုံနေရပါတယ်။ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ပစ်ခတ်မူဖြစ်တဲ့ တနေ့တည်းမှာပဲ မိုးရေးမြို့ဘက်မှာလည်း ပေါက်ကွဲမူဖြစ်တဲ့အတွက် နယ်စပ်ဂိတ်ကို လုံခြုံရေးအတွက် ပိတ်လိုက်တာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့က နမ်ဖာလုံဈေးအနီးမှာ အောက်တိုဘာလ ၂ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး၊ ညဘက်မှာလည်း အိန္ဒိယနိုင်ငံဘက် မိုးရေးမြိုဘက်မှလည်း ပေါက်ကွဲမူတခု ဖြစ်ပွားခဲ့တာကြောင့် တနင်္လာနေ့ကစလို့ ၂ နိုင်ငံ နယ်စပ်ဂိတ်ကို ပိတ်လိုက်တာပါ။ လုံခြုံရေး အခြေအနေကြောင့် ၂ နိုင်ငံကြား နယ်စပ်ဂိတ်ကို ပိတ်ထားရတာ ဖြစ်တယ်လို့လည်း တမူးမြို့နယ် ဒုတိယခရိုင်ရဲတပ်ဖွဲမှူး ရဲမှူးတင့်ဝေကအခုလို ပြောပြပါတယ်။

“အဲဒါပြီးတော့ သူတို့ဘက်မှာ ပေါက်ကွဲမှုဖြစ်တယ်ခင်ဗျ။ သူတို့ ဘန်ကာ ရပ်ကွက်ခေါ်တာပေါ့ သူတို့ ရပ်ကွက်ကလမ်းထဲမှာပေါက်တာ။ ဟိုဘက်နိုင်ငံမှာလေ ပေါက်ကွဲမှုဖြစ်တယ် အဲဒါကြောင့်မို့လို့ ပိတ်တာပါ။ ဟိုဘက်ကနေ ပိတ်တာ ၊ ဂိတ်က နမ်ဖာလုံဈေးနဲ့ အဝင်အထွက် ဂိတ်တခုနဲ့ အဲဒါပဲပိတ်တာ။ ဟိုဘက်က သွားလို့ရပါတယ်။ အဓိက သူတို့ main အဝင်အထွက်လုပ်တဲ့အပေါက်ကိုပဲ ပိတ်ထားတာ။”

အိန္ဒိယနိုင်ငံဘက်ခြမ်းက လာရောက်သူအချင်းချင်း ဖြစ်ခဲ့တယ်လို့ဆိုတဲ့ တမူးမြို့က ပစ်ခတ်မှုအတွက် အိန္ဒိယနိုင်ငံဘက်က နယ်စပ်ဆက်ဆံရေးကော်မတီက တာဝန်ရှိသူတွေကို အကြောင်းကြားထားပေမဲ့ တစုံတရာ တုန့်ပြန်တာမျိုး မရှိသေးဘူးလို့လည်း ရဲမူးတင့်ဝေကဆိုပါတယ်။

“သူတို့အထဲကိုဝင်သွားတာ ။ သူတို့ဘက်ကိုဝင်သွားတော့ သူတို့ ဖမ်းဆီးရမယ့်တာဝန် စိစစ်ပေးရမယ့်တာဝန်ရှိတယ်လေ။ သူတို့ကိုအကြောင်းကြားထားတာပေါ့နော်။ အခုအထိတော့ ဘာမှ ထူးခြားမှုမရှိသေးဘူး။”

တမူးဘက်ခြမ်းနမ်ဖာလုံဈေးမှာ ဈေးရောင်းနေသူတွေကတော့ လူအသွားအလာမရှိ ဂိတ်ပိတ်ထားတဲ့အတွက် အရောင်းအဝယ်တွေ ကျဆင်းနေတယ် လို့ ပြောကြပါတယ်။
ဒါပေမယ့် ရဲမှူးတင့်ေ၀ ကတော့ နယ်စပ်ဒေသမှာ အရောင်းအဝယ်တွေ သိသိသာသာ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

“နမ်ဖာလုံဈေးအရောင်းအဝယ်တွေကတော့ နည်းနည်းလေးတော့ ဟိုဟာဖြစ်တာပေါ့။ ဒါပေမယ့်လို့ ပုံမှန်သွားလာနေတဲ့ဟာတွေကတော့ ပြဿနာမရှိပါဘူး။ ဒီဘက်က ကုန်ပစ္စည်းပို့တာတို့၊ သယ်တာတို့ ကတော့ ပြဿနာမရှိပါဘူး။ ဒီဈေးကို အကြောင်းပြုပြီးတော့မှ အသေးအမွားဝယ်တာ၊ ဟိုဘက်ကနေ လာဝယ်တဲ့ဟာပေါ့ ။ အဓိကတော့ ဟိုဘက်ကလူတွေထိခိုက်တာပေါ့ဗျာ။”

အိန္ဒိယနိုင်ငံနဲ့ နယ်စပ်တမူးမြို့မှာ မကြာခန အခုလို ပစ်ခတ်မူတွေရှိနေပြီး
ဒီနှစ်ထဲမှာပဲ နယ်စပ်မှာ ၃ကြိမ်ထက် မနည်း ပစ်ခတ်မူပေါက်ကွဲမူတွေ
ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ပစ်ခတ်မူတွေဖြစ်ပြီးတိုင်းမှာ နှစ်နိုင်ငံနယ်စပ်တွေကနေ တဆင့်ထွက်ပြေးလွတ်မြောက်သွားကြပြီး
ဖမ်းဆိးရမိတာတွေတော့ သိပ်မတွေရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။အခုမှာတော့နယ်စပ်မှာ တည်ငြိမ်နေသလို အဓိက ဂိတ်ပိတ်ထားတဲ့ အတွက်တော့ ဈေးရောင်းဈေးဝယ်အလုပ်နဲ့ လုပ်ကိုင်စားေသောက်သူတွေကတော့ အခက်အခဲတွေရှိနေတယ်လို့ ပြေဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG