သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနယ်စပ် တမူးမြို့ ပစ်ခတ်မှု


အိန္ဒိယနယ်စပ်
အိန္ဒိယနယ်စပ်

အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့မှာ အိန္ဒိယမိုးရေးမြို့ဘက်ကလာတဲ့ ကသည်း လူမျိုးတဦးက တမူးဘက်မှာနေထိုင်နေတဲ့ ကသည်းလူမျိုးတဦးကို နယ်စပ်ဈေးဖြစ်တဲ့ နမ်ဖာလုံဈေးအနီးမှာ အောက်တိုဘာလ ၂ရက်နေ့ကပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဒီလိုပစ်ခတ်မူတွေရှိတဲ့အတွက် အိန္ဒိယနိုင်ငံဘက်က နယ်စပ်ဆက်ဆံရေးကော်မတီက တာဝန်ရှိသူတွေကို အကြောင်းကြားထားတဲ့အကြောင်း မြန်မာဘက်က ရဲအရာရှိတွေကပြောပါတယ်။ မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ အိန္ဒိယဘက်ကနေ ဝင်ရောက်လာတဲ့ကသည်းလူမျိုးတဦးက ပစ်ခတ်ခဲ့တာေြံကာင့် မြန်မာဘက်ခြမ်းတမူးမြိုမှာနေထိုင်နေတဲ့ကသည်းလူမျိုးတဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ တမူးမြိုနယ် ဒုတိယခရိုင်ရဲတပ်ဖွဲမူး ရဲမူးတင့်ဝေကအခုလို ပြောပြပါတယ် ။

“ပြန်ထွက်သွားပြီးမှ ပေ ၃၀ - ၄၀ လောက်မှာ ပြန်လှည့်လာပြီးတော့မှ ဆိုင်ကယ်ပေါ်ကိုတက်ပြီး ပြန်ဖို့လုပ်တဲ့နေရာမှာပစ်လိုက်တာ ။ အနားကပ်ပြီးတော့ ပစ်တာပဲ ၊ ရံဖန်ရံခါဖြစ်တတ်ပါတယ် သူတို့ဘက်ကအဲလိုလေးတွေရှိတာပေါ့နော်။ ကျနော်တို့ဘက်က တမှုးဘက်ကတော့ ငြိမ်းချမ်းတယ်။ လက်နက်ကိုင်အဖွဲ့အစည်း ကျနော်တို့ဘက်မှာမရှိဘူး။ သူတို့ဘက်က ကျတော့ လက်နက်ကိုင်အဖွဲ့အစည်း အများကြီးပဲ၊ သူတို့ဘက်မှာက တရားမဝင်လက်နက်ကိုင်ပြီးတော့ နေနေကြတဲ့အဖွဲ့အစည်းတွေ အဲဒီဘက်ကအများကြီးပဲ။ မဏိပူ တဝိုက်ဘက်မှာ အဲဒီအခြမ်းတွေက မငြိမ်းချမ်းဘူး။ အုပ်စုတွေလည်းများတယ်၊ ပြဿနာတွေလည်းများတယ်။ အဲဒီလူတွေနဲ့ အဆက်အသွယ်အရောင်းအဝယ်လုပ်နေတဲ့လူတွေက အဆင်မပြေတဲ့အခါ ပစ်ကြခတ်ကြတာ အဲလိုမျိုးတွေရှိတတ်တယ်။”

အခုလိုပစ်ခတ်မူနဲ့ ပတ်သက်လို့အိန္ဒိယ- မြန်မာနယ်စပ်ဆက်ဆံရေးအဖွဲ့ကို အကြောင်းကြား ထားတယ် လို့လည်း ဒုတိယ ခရိုင်ရဲတပ်ဖွဲမှူးရဲမူးတင့်ေ၀ က ဆက်ပြောပြပါတယ်။

“ကျနော်တို့မှာ BLO ဆိုတဲ့ အဖွဲ့အစည်း တမူးမှာရှိတယ်လေ။ သူတို့နဲ့ နယ်စပ်ဆက်ဆံရေးအဖွဲ့ပေါ့ ဟိုဘက်နဲ့ ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်နေတာရှိပါတယ်။ ကသဲဆိုတာ ဒီဘက်က မဏီပူရပြည်နယ်ထဲမှာ သူတို့ရဲ့ပြည်နယ်လိုရှိပါတယ်။ အဲဒါနဲ့မှ သူတို့အထဲမှာလည်းအများကြီး သူတို့အဖွဲ့အချင်းချင်း တဖွဲ့နဲ့ တဖွဲ့က သူ့အုပ်စုနဲ့သူ မပြေလည်တာတွေရှိတယ်အများကြီးပဲ အဖွဲ့တွေက ။ မငြိမ်းချမ်းတဲ့အခါကျတော့ သူတို့က ဒီဘက်ကနေဆက်သွယ်ပြီးတော့မှ လူမျိုးချင်းတူတာတွေကို ဆက်သွယ်ပြီးတော့မှ မပြေလည်ရင် ဟိုဘက်က လာပြီးတော့မှ လုပ်တာလေးတွေရှိတာပေါ့။”

အခုလိုပစ်ခတ်တာတွေတော့ အမြဲတမ်းမဟုတ်ပေမယ့် တနှစ်တကြိမ်လောက်ရှိနေတယ်လို့ဆိုပါတယ်။ နယ်စပ်မြို့တွေဖြစ်တဲ့အတွက် အကာအရန် တွေမလုပ်ထားပဲ နှစ်နိုင်ငံကဈေးသွားဈေးဝယ်တွေနဲ့ စည်ကားနေတဲ့နေရာဖြစ်တာကြောင့် အခုလိုမျိုးပြဿနာတွေရှိနေတတ်တယ်လို့ လည်းဆိုပါတယ်။

“ကျနော်တို့က အိန္ဒိယ နဲ့မြန်မာဆိုပြီးတော့မှ ၂ ဘက် နိုင်ငံဆိုပေမယ့် ခြံစည်းရိုးတွေခတ်၊ တတိုင်းကြီးတွေ ခတ် ထားတာမဟုတ်ဘူး၊ ဒီအတိုင်းမြေပြင်အတိုင်းဆိုတော့ သွားချင်တဲ့နေရာကသွား၊ ဝင်ချင်တဲ့နေရာက ဝင်ကြတယ်။ အဲဒီမှာ ကျနော်တို့က အတက်နိုင်ဆုံး နယ်စပ် border line တွေမှာတော့ စောင့်ကြပ်တာတော့ရှိတာပေါ့။ သို့သော်လည်း သူတို့က ဟိုဘက်က လူနဲ့ ဒီဘက်ကလူနဲ့က လူမျိုးပုံစံတွေကလည်း အတူတူပဲဆိုတော့ ဘယ်သူက ဘယ်သူတွေမှန်းမသိဘူး၊ သွားလာနေကြတာ။ နောက်ပြီတော့ နမ်ဖာလုံဈေးဆိုတာကလည်း ၂ ဖက်က အရောင်းအဝယ်လုပ်နေတဲ့နေရာကို၊အဲဒါကြောင့် အဲဒီနားပတ်ဝန်းကျင်တွေက border line ဆိုပေမယ့် အဲဒီမှာ သွားလာရောင်းဝယ်နေကြတာတွေက မိရိုးဖလာ လုပ်နေကြနေတဲ့ နေရာလေ။”

ဒါကတော့ ဒုတိယခရိုင်ရဲတပ်ဖွဲမူး ရဲမူးတင့်ဝေကို VOA က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG