သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအမြန်ရထားတိုက်မှု သေဆုံးသူ ၁၁၅ ဦးအထိတိုးလာ


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ကိုလကတ္တားမြိ့ကနေ အနောက်ပိုင်းက မွန်ဘိုင်မြိ့ကိုပြေးဆွဲတဲ့ လူစီးအမြန်ရထားဟာ သောကြာနေ့က အနောက်ဘန်ဂါလီပြည်နယ်မှာ လမ်းချော်ပျက်စီးခဲ့တဲ့နောက် နောက်ဆုံးရရှိတဲ့ စနေနေ့သတင်းတွေအရ သေဆုံးသူအရေအတွက်ဟာ ၁၁၅ ဦးရှိသွားပြီလို့ အိန္ဒိယအရှေ့ပိုင်းဒေသ ကယ်ဆယ်ရေးတာဝန်ခံတွေက ပြောပါတယ်။

ပျက်စီးနေတဲ့ ခရီးသည်တွဲတွေကြားးကနေ နောက်ထပ်အလောင်းတွေကို စနေနေ့က ထပ်ပြီးရခဲ့တာပါ။ ခရီးသည်တင် ရထားဟာ လမ်းချော်ပြီး ကုန်ရထားနဲ့ တိုက်မိခဲ့တာမို့ သေဆုံးသူအများအပြား ရှိပြီး ဒဏ်ရာရသူ အရေတွက်ကလည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။

ဆာဒီဟာမြို့နားက ဒီရထားလမ်းချော်မှုဟာ မော်ဝါဒီသူပုန်တွေကြောင့်လို့ တာဝန်ခံအရာရှိတွေက စွပ်စွဲပါတယ်။ ခရီးသည်တင် ရထားတွဲ ၁၃တွဲ လမ်းချော်ခဲ့ပြီး မျက်နှာချင်းဆိုင်ကလာတဲ့ ကုန်ရထားနဲ့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။

ဒီဒေသဟာ Naxalites နက်ဇလိုက်လို့ခေါ်တဲ့ ဆင်းရဲသားတွေနဲ့ မြေယာမဲ့သူတွေရဲ့ အရေးဆောင်ရွက်နေတဲ့ လက်နက် ကိုင်အဖွဲ့ရဲ့ အမာခံနယ်မြေဖြစ်ပါတယ်။

မော်ဝါဒီသူပုန်တွေရဲ့ ဒီဒေသကို ညဖက်ဖြတ်သန်းသွားလာမဲ့ ရထားခရီးစဉ်တွေအားလုံး ဖျက်သိမ်းလိုက်ရတယ်လို့ ရထားပို့ဆောင်ရေး တာဝန်ခံအရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG