သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နောက်လိုက် အကြမ်းဖက်မယုံသင်္ကာအဖွဲ့ အင်ဒိုနီးရှားဖမ်းဆီး


အင်ဒိုနီးရှားရဲတပ်ဖွဲ့က အကြမ်းဖက်အမျိုးသမီးလို့ယူဆရတဲ့သူ ရှိနေတဲ့ အိမ်ကို ပိတ်ဆို့ရှာဖွေနေစဉ် (ဒီဇင်ဘာလ ၁၀ ရက်)
အင်ဒိုနီးရှားရဲတပ်ဖွဲ့က အကြမ်းဖက်အမျိုးသမီးလို့ယူဆရတဲ့သူ ရှိနေတဲ့ အိမ်ကို ပိတ်ဆို့ရှာဖွေနေစဉ် (ဒီဇင်ဘာလ ၁၀ ရက်)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တော်နားမှာ အကြမ်းဖက်သမားလို့ သံသယရှိသူ ၃ ဦးကို ဖမ်းဆီးရမိတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ သူတို့ဟာ မြို့တော်တွင်း နိုင်ငံခြား ခရီးသွားတွေအလာများတဲ့ နေရာမှာ တိုက်ခိုက်ဖို့ လုပ်နေတုန်း အခုလို ဖမ်းမိတာဖြစ်မယ်လို့ ယုံကြည်ရကြောင်း လည်း ပြောပါတယ်။

သံသယရှိသူတွေဖြစ်တဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦးဟာ သမ္မတ နန်းတော်မှာ အစောင့်တွေ တာဝန်ချိန် အပြောင်းအလဲ လုပ်တဲ့ အခန်းအနားအတွင်း လက်လုပ် ဗုံးတွေနဲ့ ဖေါက်ခွဲဖို့ ကြံနေတယ်လို့ ဂျကာတာ ရဲတပ်ဖွဲ့ပြောခွင့်ရ က ပြောပါတယ်။ အလေးချိန် ၃ ကီလိုလောက် လေးမယ့် pressure cooker ဖိအားသုံး ပေါင်းအိုးဟာ မီတာ ၃၀၀ ပါတ်လည်ကို ဖျက်ဆီးနိုင်တယ်လို့ လည်း ပြောပါတယ်။

စတုတ္တမြောက် ဗုံးလုပ်သူလို့ သံသယရှိသူကိုတော့ စနေနေ့မှာ တခြားခရိုင်တခုမှာ ဖမ်းမိတယ်လို့ ရဲပြောခွင့်ရ Argo Yuwono ကပြောပါတယ်။ ဒါဟာ အကြမ်းဖက် သမားလို့ သံသယရှိသူတွေက အမျိုးသမီးတဦးကို သတို့သမီးအဖြစ်နဲ့ အသုံးချပြီး ပထမဆုံး တိုက်ခိုက်တာ လို့ အကြမ်းဖက်မှုအရေး ကျွမ်းကျင်သူက ပြောပါတယ်။ သတို့သမီး ဆိုတဲ့ အသုံးအနှုန်းဟာ အသေခံဗုံးခွဲသမားကို ခေါ်တဲ့ နံမယ်ဝှက် ဖြစ်ပြီး အရင်ကတော့ အမျိုးသားတွေကို သုံးလေ့ရှိတာပါ။

ဒီအမျိုးသမီးကို စနေနေ့က ဖမ်းမိခဲ့တာ ဖြစ်ပြီး သူ့ကိုဖမ်းမိတဲ့ အိမ်မှာပဲ ဒီဗုံးကို ပါ တွေ့ခဲ့တာလို့ ရဲကပြောပါတယ်။ အမျိုးသား ၂ ဦးကိုတော့ ဂျကာတာ က နောက် တနေရာမှာ ဖမ်းမိခဲ့တာပါ။ စတုတ္တတယောက်ကိုတော့ ဂျာဗား အလယ်ပိုင်း Solo မြို့မှာ ဖမ်းမိခဲ့ပါတယ်။

အခုဖမ်းမိသူတွေဟာ ပြီးခဲ့တဲ့လ ဂျာဗားအနောက်ပိုင်းခရိုင်မှာ မိခဲ့တဲ့ ဗုံးပြုလုပ်တဲ့ ဓါတ်ခွဲခန်းကို ကိုင်တွယ်တဲ့ စစ်သွေးကြွ ကွန်ယက်နဲ့ ဆက်နွယ်နေမယ်လို့ ရဲတွေက သတ်မှတ်ပါတယ်။ ဒီကွန်ယက် အဖွဲ့ဟာ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ရဲ့နောက်လိုက်တွေနဲ့ အတူ ဆီးရီးယားမှာ တိုက်ခိုက်နေတဲ့ အင်ဒိုနီးရှား စစ်သွေးကြွ Bahrun Naim နဲ့ ဆက်နွယ်နေမယ်လို့လည်း ယုံကြည်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG