သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရွေးကောက်ပွဲ အလားအလာ


အီရန်နိုင်ငံမှာ သောကြာနေ့ကျရင် သမ္မတ သစ်ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပြီး အယူသိပ်မသီးတဲ့ အလယ်အလတ်ဝါဒီ သမ္မတ Hassan Rouhani အနေနဲ့ ရှေးရိုးအယူဆပြင်းထန်တဲ့ ကွန်ဆာဗေးတစ်တွေရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရနိုင်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ အီရန်တို့ကြား သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ နျူကလီယာ သဘောတူညီချက်နဲ့ အီရန်ရဲ့ စီးပွါးရေးဆိုင်ရာတွေ အတွက် သူ့ရဲ့ ကိုင်တွယ်ပုံကို ကွန်ဆာဗေးတစ်တွေက ပြင်းထန်စွာ ဝေဖန်နေကြတာဖြစ်ပါတယ်။

သမ္မတ Rouhani က ဒီ သမိုင်းဝင် နျူကလီယား သဘောတူညီချက်နဲ့ သူ့နိုင်ငံရေး အနာဂါတ်ကို တည်ဆောက်ထားတာ ဖြစ်ပြီး ဒါဟာ အီရန်အပေါ် ချမှတ်ထားတဲ့ စီးပွါးရေး ပိတ်ဆို့မှုတွေကို လျော့ပါးလာစေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Rouhani ရဲ့ အဓိက ပြိုင်ဘက် တဦး ဖြစ်တဲ့ Ebrahim Raisi ကတော့ ဒီသဘောတူညီချက်မှာ ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှု ဆိုင်ရာ ကဏ္ဍတွေအတွက် ဒဏ်ခတ်ပိတ်ဆို့ ထားမှုတွေ ဆက်ရှိနေဆဲ မို့ ဒါကို ဝေဖန်နေတာ ဖြစ်ပါတယ်။

Rouhani ရဲ့ လုပ်ဆောင်မှုတွေကို နိုင်ငံရေး သုံးသပ်သူတွေက သဘောကျကြပါတယ်။ ၁၉၈၁ ခုနှစ်ကစပြီး လက်ရှိသမ္မတ အားလုံးဟာ ရွေးကောက်ပွဲ ထပ်လုပ်တိုင်း ပြန်အရွေးခံရတဲ့ ရာဇဝင်ရှိတာမို့ သမိုင်းကြောင်းအရ အခြေနေက သူ့အတွက် ကောင်းပါတယ်။

ဒါပေမယ့် သောကြာနေ့မှာ ယှဉ်ပြိုင်မယ့် ကျန်တဲ့ သမ္မတလောင်း ၄ ဦးကြားမှာတော့ Rouhani ဟာ စိတ်ချရလောက်တဲ့ အများစုမဲကို ရမထားပါဘူး။

ကွန်ဆာဗေးတစ်ဝါဒီ သဘောထား တင်းမာသူ Raisi က အီရန်ရဲ့ အလုပ်လက်မဲ့ နှုန်း ၁၂. ၇ ဖြစ်နေတာကို ပြန်ပြီးပြုပြင်မှာ ဖြစ်ကြောင်းနဲ့ အလုပ်အကိုင်ပေါင်း သန်းနဲ့ ချီပြီး ဖန်တီးပေမယ်လို့ ကတိပေးပြီး စီးပွါးရေးတိုးတက်အောင် လုပ်မယ်လို့ ပြောဆို မဲဆွယ်နေသူ ဖြစ်ပါတယ်။ သူဟာ လက်ရှိ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei နဲ့ အတော်နီးစပ်သူ ဖြစ်ပေမယ့် Khamenei ကတော့ သူ့ကို အခုထိ ထောက်ခံမှု မပေးသေးပါဘူး။

၂၀၀၁ ခုနှစ်က သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့တဲ့ အီရန်ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ သမ္မတလောင်း Mostafa Hashemitaba နဲ့ ယဉ်ကျေးမှု ဝန်ကြီးဟောင်း Mostafa Mirsalim တို့လည်း ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ကြမှာ ဖြစ်ပါတယ်။

အီရန်ရွေးကောက်ပွဲ အလားအလာ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG