သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးစမ်းသပ်မှု နိုင်ငံတကာ သဘောတူညီချက်ကို မချိုးဖောက်ဟု အီရန်ငြင်းဆို


အီရန် ဒုံးပစ်လွှတ်စမ်းသပ်မှု (မတ် ၉၊ ၂၀၁၆)
အီရန် ဒုံးပစ်လွှတ်စမ်းသပ်မှု (မတ် ၉၊ ၂၀၁၆)

အီရန်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်နဲ့ ဒီသီတင်းပတ်အတွင်း ဒုံးကျည် ပစ်လွှတ် စမ်းသပ်ခဲ့တာတွေဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ အင်အားကြီး ခြောက်နိုင်ငံနဲ့ ရထားတဲ့ နျူကလီးယားအရေး သဘောတူညီချက်ပါ လိုက်နာရမှာတွေကို မချိုးဖောက်ဘူးလို့ အီရန် နိုင်ငံကပြောလိုက်ပါတယ်။

ဒုံးကျည်အစီအစဉ်ကို အီရန်နိုင်ငံက ဆက်လုပ်သွားမှာဖြစ်ပြီး ဒါဟာ တရားဝင်ပြီးတော့ ခုခံကာကွယ်တဲ့ သဘောသဘာဝဖြစ် တယ်လို့ အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hossein Jaberi-Ansari ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

အင်္ဂါနဲ့ဗုဒ္ဓဟူးနေ့တွေက လုပ်ခဲ့တယ်လို့ အီရန်ကပြောထားတဲ့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေအပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။

ဒီကိစ္စကို ဆန်းစစ်သွားမှာဖြစ်ပြီး ကုလသမဂ္ဂမှာပဲဖြစ်ဖြစ် တနိုင်ငံထဲအနေနဲ့ပဲဖြစ်ဖြစ် သင့်တော်တဲ့ တုန့်ပြန်ချက်ကို လိုအပ်သလို လုပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby က ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ပြောဆိုခဲ့တယ်လို့လည်း မစ္စတာ Kirby ကပြောပါတယ်။

ဒါပေမဲ့လည်း အီရန် ကျောင်းသားသတင်းဌာနကတော့ မစ္စတာကယ်ရီက မစ္စတာ ဇာရစ်ဖ်ဆီကို အီးမေးလ်ပို့ပြီး တယ်လီဖုန်းပေါ် မှာ စကားပြောဖို့ ပန်ကြားပေမဲ့ မစ္စတာဇာရစ်ဖ်ဟာ အလုပ်ကိစ္စနဲ့ခရီးထွက်နေတာကြောင့် စကားမပြောဖြစ်ကြဘူးလို့ ဒီကနေ့ ပြောပါတယ်။

XS
SM
MD
LG