သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပိတ်ဆို့မှုသက်တမ်း ထပ်တိုးရင် အီရန်လက်တုံ့ပြန်မည်


အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို နောက်ထပ် ၁၀ နှစ် သက်တမ်း ထပ်တိုးမယ်ဆိုရင် အမေရိကန်ကို လက်တုံ့ပြန်သွားမယ်လို့ အီရန်ရဲ့ နိုင်ငံ့ဥသျှောင် Ayatollah Ali Khamenei က ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

ဘယ်လို တုံ့ပြန်မှုမျိုး ဖြစ်မယ်ဆိုတာကိုတော့ Khamenei က ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမဲ့ အီရန်အစ္စလာမ်မစ် နိုင်ငံအနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ သတိချပ်သင့်တယ်လို့ ဗုဒ္ဓဟူးနေ့က တိုင်းပြည်ကို ရုပ်မြင်သံကြားကတဆင့် ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့တာပါ။

အမေရိကန် အောက်လွှတ်တော်က အီရန်ပိတ်ဆို့အရေးယူမှု ဥပဒေကို နောက်ထပ် ၁၀ နှစ် သက်တမ်းထပ်တိုးဖို့ ထပ်မံ မဲခွဲ အတည်ပြုလိုက်ပြီး နောက်တနေ့မှာ အီရန်ခေါင်းဆောင်ရဲ့ သတိပေးချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးုယူမှုဟာ အခုနှစ်ကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

အဲဒီ သက်တမ်းတိုးမှုကို ဆီးနိတ်လွှတ်တော်ရဲ့ အတည်ပြုချက် ယူရဦးမှာဖြစ်ပြီး အဲဒီနောက်မှာ သမ္မတ Barack Obama က လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ ပိတ်ဆို့မှုအရ အမေရိကန်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အီရန်နိုင်ငံအတွင်း ရင်းနှီးမြုပ်နံှခွင့် ပိတ်ပင်ထားတာ ဖြစ်ပြီး အထူးသဖြင့်တော့ ရေနံနဲ့ ဆိုင်တဲ့လုပ်ငန်းတွေကို မလုပ်ဖို့အတွက် ပိတ်ပင်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG