သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ကားဗုံးခွဲ တိုက်ခိုက်မှု ၆၄ ဦးထက်မနည်း သေဆုံး


Sadr မြို့ ဈေးထဲမှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့
Sadr မြို့ ဈေးထဲမှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့

အီရတ်နိုင်ငံ ၊ ဘဂ္ဂဒက်မြို့တော်မြောက်ပိုင်းက Shi'ite မူဆလင်တွေရှိရာ အရပ်က ဈေးတခုအတွင်း ဒီကနေ့ ဗုံးတလုံးပေါက်ကွဲမှုကြောင့် လူ ၆၄ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။

Sadr မြို့က မနက်ခင်း လူစည်ကားချိန် ဈေးထဲမှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာပါ။ သေဆုံးသူ အရေအတွက် ပိုများလာမှာကိုလည်း ဆေးဖက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၀ လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။ အနီးအနားမှာရှိတဲ့ ကားတွေ၊ အဆောက်အဦးတွေ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အစိုးရတာဝန် ရှိသူတွေက ပြောပါတယ်။ IS စစ်သွေးကြွအဖွဲ့ ကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တဲ့အကြောင်း ချက်ခြင်းဆိုသလို ကြေညာခဲ့ကြပါတယ်။

ဘဂ္ဂဒက်မြို့တော်က တိုက်ခိုက်မှုတွေ၊ အထူးသဖြင့် Shi'ite မူဆလင်တွေရှိရာ အရပ်က တိုက်ခိုက်မှုတွေကိုတော့ Sunni မူဆလင် အုပ်စုတွေက မကြာခနဆိုသလို ကျုးလွန်လေ့ ရှိပါတယ်။ IS အစွန်းရောက် အုပ်စုကတော့ ဒီအသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ဆိုပေမဲ့၊ အီရတ် အာဏာပိုင်တွေကတော့ မဖြစ်နိုင်တဲ့အကြောင်း ငြင်းထားပါတယ်။

XS
SM
MD
LG