သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်းအစိုးရဟောင်းရဲ့ဒေသဖွံဖြိုးရေးရန်ပုံငွေ စတင်စုံစမ်းစစ်ဆေး


ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့
ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဧရာဝတီတိုင်း ဒေသကြီး အစိုးရဟောင်းက လက်ရှိ အစိုးရထံကို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေလွှဲပြောင်းဖို့ ပျက်ကွက်မှုအပေါ် စတင် စစ်ဆေးနေပြီး အရေးယူဆောင်ရွက်ဖို့ လုပ်သွားမယ်လို့ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။ ဦးဘုန်းမော်ရွှေ ဦးဆောင်တဲ့ မကွေးတိုင်းဒေသကြီး အစိုးရဟောင်း လက်ထက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၇၀၀၀ ကျော် ကွာဟတဲ့ကိစ္စ မကြာသေးခင်ကပဲ ပေါ်ပေါက်ပြီးတဲ့နောက် အခုတခါ ဧရာဝတီတိုင်းဘက်မှာလဲ စစ်ဆေးနေတာပါ။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

အရင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရဟာ NLD အစိုးရသစ်တက်လာချိန်မှာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ တွေ လွှဲပြောင်းမပေးခဲ့တာနဲ့ ပတ်သက်လို့ အမြန်ဆုံး စစ်ဆေးပြီး ပြည်ထောင်စုအဆင့်ကို တင်ပြသွား မယ်လို့ ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး က ဗွီအိုအေကို ပြောပါတယ်။

“သုံးထားတဲ့ စာရင်းဇယားတွေစစ်ဖို့ ကျနော်တို့ကပြောတာလေ သူတို့သုံးသာတွေလည်းရှိမှာပေါ့လေ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက်ကို။ ကျနေ်ာတို့ကို အခုမလွှဲပေးသေးဘူးဆိုတဲ့အချက် ၁ ချက်ကိုပဲ ပြောလို့ရတယ်။ ရှေ့လျှောက် ကျနေ်ာတို့ကဒါကိုစိစစ်ပြီးတဲ့အခါမှာ ဝန်ကြီးချုပ်ကနေတဆင့် သက်ဆိုင်ရာ ပြည်ထောင်စုကိုတင်ရမှာပေါ့နော်။ အခုတော့ စိစစ်တဲ့ကိစ္စကို လုပ်ဆောင်တုန်းပါပဲ။ ဒါကြောင့်မို့လို့ ငွေကြေးပြေစာအချက်အလက်တွေကျနော်တို့ ပြောလို့မရသေးပါဘူး။ ကျနော်တို့က ဒါကိုအချိန်ယူဖို့အတွက် လွှတ်တော်ကလည်းမေးထားတာဖြစ်လို့လေ အချိန်ယူပြီးလုပ်ရမှာပါ။”

ဧရာဝတီတိုင်း အစိုးရဟောင်းက ဒေသဖွံ့ ဖြိုးရေး ရန်ပုံငွေ လွှဲပြောင်းဖို့ ပျက်ကွက်မှုအပေါ် တိုင်းဒေသ ကြီး စာရင်းစစ်ချုပ်က စစ်ဆေးပြီးတဲ့နောက် အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ သူက ဆိုပါ တယ်။

ဒီ ရန်ပုံငွေ လွှဲပြောင်းဖို့ ပျက်ကွက်မှုနဲ့ ပတ်သက်ပြီး ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ဖျာပုံမဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ က စစ်ဆေးသွားမှာ ဖြစ်တဲ့အကြောင်း ပြန်လည်ဖြေကြားထားခဲ့တာဖြစ်ပါတယ်။

အရင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရက လွှဲပြောင်းပေးအပ်ဖို့ ကျန်ရှိတဲ့ ငွေပမာဏဟာ ကျပ်သန်း ၇၀၀၀ လောက်အထိရှိနိုင်တယ်လို့ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌက ပြည်တွင်းမီဒီယာတွေကို ဖြေ ကြားထားလည်းရှိပါတယ်။

ဒါပေမယ့်လည်း ဧရာဝတီတိုင်း အစိုးရဟောင်းအနေနဲ့ လွှဲပြောင်းဖို့ ပျက်ကွက်တဲ့ ငွေပမာဏ အတိအကျကို လောလောဆယ်မှာ မပြောနိုင်သေးသလို တိတိကျကျ စီစစ် လုပ်ဆောင်သွားမှာဖြစ် တယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ဆိုပါတယ်။

“ငွေပမာဏတွေကတော့ ပြောလို့မရသေးဘူးပေါ့လေ ကျနော့်အနေနဲ့ကတော့ ငွေအတိအကျကတော့။ အကုန်လုံးစစ်ပြီးမှပြောလို့ရတာလေ။ ကျနော်တို့ကတော့ တိတိကျကျဖြစ်အောင်တော့ ကြိုးစားပြီးလုပ်ဆောင်ပါ့မယ်။အဲဒါကတော့ ကျနော်တို့ ဝန်ကြီးချုပ်ကြီးလည်းပြောထားပါတယ်။”

အရင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ဟာ ဧရာဝတီတိုင်း ပညာရေး၊ ကျန်း မာရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို ဦးဆောင် တည်ထောင်ခဲ့ပြီး လက်ရှိမှာလဲ ဦးသိန်း အောင် အပါအဝင် အရင်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်တွေက အဲ့ဒီ ဖောင်ဒေးရှင်းမှာ ပါဝင်နေဆဲ ဖြစ် ပါတယ်။

သိပ်မကြားသေးခင်ကပဲ ဦးဘုန်းမော်ရွှေ ဦးဆောင်တဲ့ အရင် မကွေးတိုင်းဒေသကြီး အစိုးရလက်ထက် ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေဆီက ဒေသဖွံ့ဖြိုးရေးအတွက် ကောက်ယူထားတဲ့ ရန်ပုံငွေ ကျပ် သန်း ၇၀၀၀ကျော် ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ပြီး အဲ့ဒီထဲက ကျပ်သန်း ၁၇၀၀ကို ပြည်ခိုင်ဖြိုးပါတီ အတွက် သုံးစွဲခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကိစ္စအပေါ်မှာလည်း ပြည်ထောင်စု အစိုးရ အနေနဲ့ ပျောက်ဆုံးနေတဲ့ ငွေကြေး သန်းပေါင်း ထောင်ချီထဲက ငွေကျပ် ၃၀၀၀ကိုပဲ လက်ရှိ မကွေးတိုင်းအစိုးရထံ ပြန်လည် ပေးအပ်ဖို့ ညွှန်ကြားထားပြီး အရင် မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်တွေ အပေါ် အရေးယူဆောင်ရွက်မှု တစုံတရာ မရှိသေးတဲ့အတွက် ဝေဖန်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG