သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ နှစ်အတွင်း IS ၅ သောင်းကျော် ကန်ဦးဆောင်ညွန့်ပေါင်း သုတ်သင်


Mosul တိုက်ပွဲ
Mosul တိုက်ပွဲ

IS အကြမ်းဖက်အဖွဲ့ကို ချေမှုန်းဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ၂၀၁၄ ခုနှစ် သြဂုတ်လမှာ ပထမဆုံးအကြိမ် အမိန့်ပေးခဲ့ချိန်ကစလို့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေကနေ IS တပ်ဖွဲ့ဝင် ၅ သောင်း လောက်ကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။

ဒီအရေအတွက်ဟာ ယေဘုယျ ခန့်မှန်းချေ ဖြစ်တယ်လို့လည်း အမည်မဖော်လိုသူ အရာရှိက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

IS တပ်ဖွဲ့ဝင် ၅ သောင်းဟာ အထူးသဖြင့် ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့မှာ သေဆုံးခဲ့တာဖြစ်ပြီး၊ လစ်ဗျားနဲ့ အာဖဂန် လို တခြားနိုင်ငံတွေမှာ သေဆုံးတဲ့ IS အကြမ်းဖက်တပ်ဖွဲ့ဝင် အရေအတွက်တွေ မပါဝင်သေးဘူးလို့လည်း တခြားအဆင့်မြင့်အရာရှိတဦးက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ဘယ်လောက် ထိရောက်မှုရှိခဲ့ကြောင်း ပြသတဲ့အနေနဲ့ ခန့်မှန်းချေ ကိန်းဂဏန်းကို ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။

အီရတ်နိုင်ငံက ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး John Dorrian က မိုဆူးမြို့မှာရှိတဲ့ စစ်သွေးကြွတွေဟာ စစ်ကူမရနိုင်တော့ဘဲ ဝိုင်းရံပိတ်ဆို့ခံထားရတာကြောင့် အကျအဆုံးများပြားနေကြောင်း ပြောဆိုခဲ့ပြီး နောက်မှာပဲ၊ အခုလို IS အဖွဲ့ဝင်တွေ သေဆုံးတဲ့ ကိန်းဂဏန်းတွေကို ထုတ်ဖော်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG