သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ခိုင်းဒါးအဖွဲ့ဝင်ဟောင်းတွေ ဥရောပမှာ IS ဝါဒဖြန့်


အလံကို ကိုင်ဆောင်ထားတဲ့ IS ထောက်ခံရေးသမား Mosul မြို့ (ဇွန်လ ၊ ၂၀၁၄)
အလံကို ကိုင်ဆောင်ထားတဲ့ IS ထောက်ခံရေးသမား Mosul မြို့ (ဇွန်လ ၊ ၂၀၁၄)

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကရှိခဲ့တဲ့ အယ်လ်ခိုင်းဒါး ဆက်စပ် အကြမ်းဖက်ကွန်ရက်တွေနဲ့ ပြီးခဲ့တဲ့လတွေအတွင်း အကြမ်းဖက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တဲ့ ဥရောပက IS အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်အုပ်စုတွေကြား တိုက်ရိုက်ဆက်နွှယ်မှု ရှိနေတယ်လို့ အစီရင်ခံစာသစ် တခုက ဆိုပါတယ်။

မြောက်အန္တလန်တိတ်စာချုပ်အဖွဲ့ NATO ဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံထဲ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေတုန်းက ဥရောပမှာရှိခဲ့တဲ့ အယ်လ်ခိုင်းဒါး ဆက်စပ်အဖွဲ့တွေနဲ့ သိပ်မကြာခင်တုန်း က ပြင်သစ်နိုင်ငံ ပါရီမြို့နဲ့ ဘယ်လ်ဂျီယံနိုင်ငံ Brussels မြို့တွေမှာ အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတဲ့ IS နဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက် ကွန်ရက်တွေကို လေ့လာပြီးတော့ လန်ဒန်မြို့အခြေစိုက် Henry Jackson Society က အစီရင်ခံစာ ထုတ်ပြန်တာပါ။

ဒီ အကြမ်းဖက်အဖွဲ့ နှစ်ခုနဲ့ ဆက်စပ်နေတဲ့ ကွန်ရက်တွေထဲမှာ ပါနေသူတွေဟာ အတူတူ ဖြစ်နေတာကို တွေ့ရတဲ့အကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။ အရင်က အယ်လ်ခိုင်းဒါးအဖွဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်မှုနဲ့ ပစ်ဒဏ်ချခံခဲ့ရဖူးတဲ့ သူတွေဟာ နောက်ပိုင်း ပါရီနဲ့ ဘရက်ဆဲလ် တိုက်ခိုက်မှုတွေမှာ ပါဝင်နေသူတွေ ဖြစ်နေတယ်လို့ အစီရင်ခံစာ ပူးတွဲ ရေးသားသူ Rupert Sutton က ပြောပါတယ်။

အသက်ကြီးပိုင်း အယ်လ်ခိုင်းဒါး အဖွဲ့ဝင်ဟောင်း အများအပြားဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုက်ခိုက်မှုတွေလုပ်ဖို့ အာဖဂန်နစ္စတန်ကို ထွက်ခွာသွားခဲ့ကြသလို၊ ဆီးရီးယား ပြည်တွင်းစစ်က ဘာသာရေးအစွန်းရောက်တွေ အတွက် လှုံ့ဆော်မှုတခုဖြစ်လာတာနဲ့အမျှ ဥရောပမှာ သန္ဓေတည်စပြုနေတဲ့ အကြမ်းဖက်အဖွဲ့ ပွားတွေကို အယ်လ်ခိုင်းဒါး အဖွဲ့ဝင်ဟောင်းတွေက သူတို့သိထားတဲ့ အတတ်ပညာတွေကို မျှဝေပေးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG