သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဘူးလ်မြို့တော် ဗုံးခွဲမှု လူ ၈၀ ထက်မနည်း သေဆုံး


ွှအာဖဂန်၊ ကာဘူးလ်မြို့ ဗုံးခွဲခံရသည့်နေရာက ဒဏ်ရာရသူများကို သယ်ယူနေစဉ်။
ွှအာဖဂန်၊ ကာဘူးလ်မြို့ ဗုံးခွဲခံရသည့်နေရာက ဒဏ်ရာရသူများကို သယ်ယူနေစဉ်။

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော်မှာ စနေနေ့က ဆန္ဒပြပွဲကြီးတခုအတွင်း အင်အားပြင်းဗုံးတလုံးပေါက်ကွဲခဲ့တာကြောင့် လူ ၈၀ ဦးထက်မနည်း သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရသွားတဲ့လုပ်ရပ်ဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အစွန်းရောက်အဖွဲ့ကပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်ဆိုတာ IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အင်တာနက်စာမျက်နှာတခုမှာဖော်ပြထားတာပါ။

အကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဆီးရီးယားအစိုးရကို သွားရောက် ပူးပေါင်းတာတွေရပ်ဖို့ Shiite အများစုဖြစ်တဲ့ Hazaras လူနည်းစုတွေ ကို သတိပေးတဲ့အနေနဲ့ ခုလိုတိုက်ခိုက်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေကြသူတွေကို အသေခံဗုံးခွဲသမားသုံးဦးက တိုက်ခိုက်တာလို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆန္ဒပြသူတွေကြားထဲမှာ ပထမအသေခံဗုံးခွဲသမားက စနက်တံဖြုတ်လိုက်သလို ဒုတိယဗုံးခွဲသမားက သူ့ကိုယ်သူမတော်တဆ သတ်သေမိသွားတာဖြစ်ပြီး တတိယဗုံးခွဲသမားကိုတော့ ဆန္ဒပြပွဲကိုလိုက်စောင့်ပေးနေတဲ့ လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်လိုက်တာလို့ ကြေညာ ချက်မှာဖော်ပြပါတယ်။

သွယ်တန်းဖို့စီစဉ်ထားတဲ့ လျှပ်စစ်မီးကြိုးတွေကို ဆင်းရဲသားအများစုရှိရာ နိုင်ငံ အလယ်ပိုင်း Bamiyan ပြည်နယ်ကနေ ဖြတ်ပြီး သွယ်တန်းပေး ဖို့ ထောင်နဲ့ချီတဲ့ Hazaras လူနည်းစုတွေက ကာလ်ဘူးလ်မြို့လမ်းမတွေမှာ ချီတက်ဆန္ဒပြကြတာ ပါ။ ဆန္ဒပြသူအများစုက Shiite တွေ ဖြစ်တဲ့အတွက် တိုက်ခိုက်ခံရတာဖြစ်ပုံရတယ် လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG