သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ခေါင်းဆောင်တချို့ ထွက်ပြေး


ဆီးရီးယားနိုင်ငံက IS စစ်သွေးကြွအဖွဲ့မှာ ခေါင်းဆောင်ပိုင်းတချို့ ထွက်ပြေးနေတာ တွေ့ရပြီး ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်တွေထဲမှာ မကြာသေးခင်ကပဲ IS ထိပ်တန်းတပ်မှူး ၂ ဦး ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

တူနီးရှားကနေ ရောက်လာတဲ့ ထိပ်တန်း တပ်မှူးတွေနဲ့ အီဂျစ်ဘက်ကလာတဲ့ တချို့ နောက်လိုက်တွေဟာ ဆီးရီးယားက IS အဖွဲ့ရဲ့ မြို့တော်အဖြစ် ခေါ်ဆိုကြတဲ့ Raqqa မြို့ကို စွန့်ခွာပြီး ဆီးရီးယား အနောက်မြောက်ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ Idlib မြို့ဆီ ဦးတည် ထွက်ပြေးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

စစ်သွေးကြွအဖွ့ဲရဲ့ အခြေနေဟာ တနေ့တခြား ဆိုးသထက် ဆိုးလာနေတယ်လို့ Raqqa က ပြောခွင့်ရ Hussam Eesa က ပြောပါတယ်။ Raqqa မြို့ထဲက အိုင်အက်စ်တွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပို့နေတဲ့ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့ကလည်း IS တွေဟာ တိတ်တဆိတ် သတ်ဖြတ်တာ ခံနေရကြောင်း ပြောဆိုပါတယ်။ IS အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ ဒီအဖွဲ့က IS တပ်မှူးတွေ ထွက်ပြေးတာ မှန်ကန်ကြောင်း အတည်ပြုတယ်လို့လည်း Eesa က ပြောပါတယ်။

တချိန်က IS တွေ ထိန်းချုပ်ခဲ့တဲ့ Raqqa မြို့ရဲ့ မြောက်ပိုင်းမှာ ရှိတဲ ကျေးရွာတွေကို Kurd တွေ ဦးဆောင်တဲ့ ပြည်သူ့စစ်တွေက ဖြေးဖြေးချင်း တိုက်ခိုက်နေချိန်မှာ အဲဒီမြို့ထဲ အခိုင်အမာ တပ်စွဲနိုင်ဖို့ IS တွေက ကြိုးစားခဲ့တာပါ။ မြို့ပြင်က ရပ်ကွက်တွေမှာလည်း အမေရိကန် ဂျက်တိုက်လေယာဉ်တွေက ဗုံးတွေ ကြဲခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အရာရှိတွေကတော့ သူတို့ရဲ့ ထိုးစစ်ဆင်မှုကနေ Raqqa မှာရှိတဲ့ IS တွေကို ချေမှုန်းနိုင်မှာ ဖြစ်ကြောင်း အောက်တိုဘာ လထဲမှာပဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဆီးရီးယားနိုင်ငံ Aleppo မြို့မှာ အပစ်အခတ်တွေ ချက်ခြင်းရပ်စဲဖို့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က တောင်းဆို လိုက်ပါတယ်။ မြို့တွင်းက ပိတ်မိနေသူတွေအတွက် လူသားချင်းစာနာမှု အကူညီပေးနေတာတွေကို နှောင့်ယှက်ဖို့ ကြိုးစားမှုနဲ့လည်း ရုရှား တွေကို အပြစ်တင်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ Aleppo အတွက် ချမှတ်ထားတဲ့ အစီစဉ်ကို ဆီးရီးယားအစိုးရက သဘောတူဖို့နဲ့ လူသားချင်း စာနာမှု အကူညီတွေ Aleppo ကို ပေးခွင့်ပြုဖို့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်နဲ့ အမေရိကန်တို့က တောင်းဆိုလိုက်တာဖြစ် ပါတယ်။

IS ခေါင်းဆောင်တချို့ ထွက်ပြေး
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG