သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS မြို့တော် Raqqa ကို ညွန့်ပေါင်းအဖွဲ့ ထိုးစစ် စတင်


Syrian Democratic Forces (SDF) ညွန့်ပေါင်းအဖွဲ့
Syrian Democratic Forces (SDF) ညွန့်ပေါင်းအဖွဲ့

IS စစ်သွေးကြွတွေ ၂၀၁၄ ခုနှစ်ကတည်းက သိမ်းယူထားပြီး သူတို့ရဲ့ ဌာနချုပ်လုပ်ထားတဲ့ ဆီးရီးယား နိုင်ငံမြောက်ပိုင်းက Raqqa မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ အမေရိကန်တွေရဲ့ လေကြောင်းနဲ့ စစ်ရေးအကြံပေးမှုတွေကို ရယူပြီး Kurds တွေ ဦးဆောင်တဲ့ ဆီးရီးယား တပ်တွေက တနင်္ဂနွေနေ့မှာ စတင် ထိုးစစ်ဆင်ခဲ့ပါတယ်။

ထိုးစစ်ဆင်မှုကို တနင်္ဂနွေနေ့မှာ စတင်လိုက်ကြောင်း SDF ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့တွေရဲ့ တပ်မှုးက ကြေညာခဲ့ပါတယ်။

IS စစ်သွေးကြွ ချေမှုန်းရေးဆိုင်ရာ အမေရိကန်အကြီးအကဲ ကလည်း Kurds တွေ ဦးဆောင်တဲ့ SDF အဖွဲ့ဟာ အာရပ်တိုက်ခိုက်ရေး သမားတွေပါဝင်ပြီး အမေရိကန်ရဲ့ လေကြောင်းအကူအညီယူပြီး ထိုးစစ်စတင်လိုက်ကြောင်း အတည်ပြုပါတယ်။

Amman မှာ ရှိတဲ့ အမေရိကန် သံရုံးက Brett McGurk ကလည်း Raqqa ထိုးစစ်ဆင်မှုကို အဆင့်လိုက် လုပ်ဆောင်တာဖြစ်ပြီး အထီးကျန်ဖြစ်အောင် လုပ်မယ့် အဆင့်ကို တနင်္ဂနွေနေ့မှာ စတင်ကြောင်း ပြောပါတယ်။ နောက်အဆင့်တွေဆက်လုပ်ပြီး IS စစ်သွေးကြွတွေ Raqqa မှာ မရှိစေဖို့ လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။

ဒီထိုးစစ်အသစ် စတင်တာနဲ့ ပတ်သက်ပြီး အမေရိကန်ပူးတွဲစစ်ဦးစီးအရာရှိချုပ်များရဲ့ အလှည့်ကျ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joseph Dunford ဟာ တနင်္ဂနွေနေ့မှာ တူရကီမြို့တော်ကို သွားရောက်ပြီး တူရကီစစ်ဘက် အကြီးအကဲနဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့လည်း McGurk ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG