သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတုစစ်ပွဲ ဆင်နွဲဖို့ IS အစီအစဉ်ရှိခဲ့


ဓါတုလက်နက်ကာ masks
ဓါတုလက်နက်ကာ masks

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ IS စစ်သွေးကြွတွေရဲ့ ဆာလ်ဖာဒိုင်အောက်ဆိုက် သတ္တုတွင်းကို မီးရှို့ဖျက်ဆီးမှုဟာ သူတို့ရဲ့ ဓါတုစစ်ပွဲ ဆင်နွှဲဖို့ အစီစဉ်ရဲ့ ကနဦး ခြေလှမ်းတရပ်ဖြစ်တယ်လို့ ရှုမြင်ကြပြီး၊ ဒါဟာ သူတို့အဖွဲ့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ အီရတ်နိုင်ငံ Mosul မြို့ကို အီရတ်နဲ့ Kurd တပ်ဖွဲ့တွေ ပြန်လည်မသိမ်းပိုက်နိုင်အောင် လုပ်တာအဖြစ် စစ်ရေးကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

IS စစ်သွေးကြွတွေဟာ မနှစ်က Tikrit မြို့ ကျမသွားအောင် အီရတ်တပ်တွေနဲ့ ရှီယာပြည်သူ့စစ်တွေကိုခုခံကာကွယ်စဉ်က ကလိုရင်း ထည့်ထားတဲ့ လက်လုပ် ဖေါက်ခွဲရေး ပစ္စည်း IED တွေ ရာနဲ့ချီ သုံးခဲ့တာဖြစ်ပြီး အခု ဒီ့ထက် အရေအတွက် ပိုများများ သုံးလာ နိုင်တယ်လို့ သတိပေးချက်တွေလည်း ထွက်ပေါ်နေတာပါ။ အခုလို ကလိုရင်းပါတဲ့ IED တွေ သုံးခဲ့တာကြောင့်လည်း Tikrit ကို ပြန်ရတဲ့အခါ ရှီယာ ပြည်သူ့စစ်တွေက ဒီစစ်သွေးကြွတွေကို ရက်ရက်စက်စက် လက်တုန့်ပြန်ခဲ့ကြတာလို့ စောင့်ကြည့်သူတချို့က ပြောပါတယ်။

Mosul မြို့နဲ့ ၁၈ မိုင်လောက်အကွာမှာ Mishraq ဆာလ်ဖာဒိုင်အောက်ဆိုက် ထုတ်တဲ့ ဓါတုစက်ရုံရှိနေတာမို့ အိုင်အက်စ် တွေက Mosul ကိုကာကွယ်ဖို့ အသဲအသန် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့က အကြံပေး Hamish de Bretton-Gordon ကပြောပါတယ်။

ဒီအကြမ်းဖက် အဖွဲ့ရဲ့ ဓါတုလက်နက်အစီအစဉ်ကို ကိုင်တွယ်တဲ့ သိပ္ပံပညာရှင်တွေဟာ တချိန်က အာဏာရှင် Saddam Hussein အတွက် အလုပ်လုပ်ခဲ့သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း တိုက်ခိုက်ရာမှာ သူတို့ သုံးခဲ့တဲ့ မော်တာကျည်ဆံတွေမှာ ဖြည့်တဲ့ ကလိုရင်း တွေ သူတို့ဆီမှာ မခန့်မှန်း နိုင်လောက်အောင် အများကြီး ရှိနေတယ်လို့လည်း ပြောပါတယ်။

IS စစ်သွေးကြွတွေဟာ Mosul မှာ mustard အဆိပ်ဓါတ်ငွေ့တွေ ထုတ်လုပ်နေမယ်လို့ ဗြိတိသျှ စစ်ဖက်အရာရှိဟောင်းက သံသယ ရှိနေသလို ဒီလို ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုအတွက် မဟာမိတ်တပ်ဖွဲ့တွေဘက်က သေသေချာချာ ပြင်ဆင်မထားမှာကိုလည်း စိုးရိမ်နေတာပါ။ ပြီးခဲ့တဲ့နှစ် ပြင်သစ်နိုင်ငံ ပါရီမြို့က လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ရတဲ့ အတိုက်ခိုက် ခံရမှုမှာ ဒီလို အဆိပ်ဓါတ်ငွေ့ တွေ သုံးထားမှာကို ပြင်သစ်ထောက်လှန်းရေးတွေက စိုးရိမ်တဲ့အတွက် အဆိပ်ဖြေဆေးတွေ သုံးခွင့် ပြင်သစ် အာဏာပိုင်တွေက ပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG