သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာသွား ဒုတိယသင်္ဘော အစ္စရေးလ် ကြားဖြတ်စီးနင်း


အစ္စရေးလ်တပ်ဖွဲ့တွေက ကြားဖြတ်စီးနင်းခဲ့ဲတဲ့ ဂါဇာကမ်းမြောင်ဆီ အကူအညီပေးဖို့သွားတဲ့ ကုန်တင်သင်္ဘောတစင်းဟာ အစ္စရေးလ်ဆိပ်ကမ်းမြို့ Ashdod ဆီ ရောက်သွားပါပြီ။

Rachel Carrie သင်္ဘောကို အစ္စရေးလ်အာဏာပိုင်တွေက စစ်ဆေးပါလိမ့်မယ်။ သင်္ဘောကို လမ်းကြောင်းပြောင်းဖို့ အစ္စရေးလ်က အထပ်ထပ် သတိပေးခဲ့တာကို လျစ်လျူရှုခဲ့ပြီးတဲ့နောက် အစ္စရေးလ်တပ်ဖွဲ့တွေက ဒီကနေ့ စနေနေ့အစောပိုင်းမှာ သင်္ဘောကို တက်ရောက် စီးနင်းခဲ့တာပါ။

အိုင်ယာလန်ပိုင် Rachel Carrie သင်္ဘောပေါ်ပါလာတဲ့ ပါလက်စတိုင်းတွေကို ထောက်ခံတဲ့ လှုပ်ရှားသူတွေဟာ သင်္ဘောပေါ် စနေနေ့ကတက်လာတဲ့ အစ္စရေးလ်တပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်တာ မလုပ်ခဲ့ဘူးလို့ အစ္စရေးလ်စစ်ဘက်က ပြောပါတယ်။ သင်္ဘောဟာ အကူအညီတန်ချိန် ၂၀ ကို သယ်ဆောင်လာခဲ့တာပါ။

လှုပ်ရှားသူတွေကို ထိခိုက် ဒဏ်ရာရအောင်မလုပ်ဖို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ယာမင် နေတန်ယာဟု က အစ္စရေးလ်တပ်ဖွဲ့တွေ ကို ညွှန်ကြားထားပါတယ်။ သင်္ဘောပေါ်တက်ရောက်ခဲ့တဲ့ အစ္စရေးလ်တပ်ဖွဲ့တွေက သင်္ဘောကို အစ္စရေးလ်တောင်ပိုင်း ဆိပ်ကမ်းမြို့ Ashdod ဆီ စစ်ဆေးဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

ဂါဇာလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့က ဂါဇာကမ်းမြောင်ဒေသဆီ အကူအညီတွေပေးပို့ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် အခုဖြစ်ရပ်ဟာ ဒုတိယအကြိမ်မြောက် ကြိုးစားမှုဖြစ်ပါတယ်။

XS
SM
MD
LG