သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

James Bond မင်းသား Roger Moore (၈၉ နှစ်) ကွယ်လွန်


James Bond မင်းသားကြီး Roger Moore ကွယ်လွန်။
James Bond မင်းသားကြီး Roger Moore ကွယ်လွန်။

James Bond သရုပ်ဆောင် တဦးဖြစ် အများသိကြတဲ့ ဗြိတိန် ရုပ်ရှင်မင်းသားကြီး Roger Moore ဟာ အသက် ၈၉ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှာ ကင်ဆာရောဂါကို ကုသမှုခံယူရင်း ဖခင်ဖြစ်သူ Sir Roger Moore ကွယ်လွန်ခဲ့တဲ့ အကြောင်း အင်္ဂါနေ့မှာထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ သူ့ရဲ့ သားသမီးတွေ ရေးသားပါတယ်။

ကွယ်လွန်သူ Sir Roger Moore ရဲ့ ဆန္ဒ အတိုင်း မိုနာကို နိုင်ငံမှာ သင်္ဂြိုဟ်မှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာဖော်ပြပါတယ်။

လျို့ဝှက်အေးဂျင့် James Bond အဖြစ် ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၅ ခုနှစ်ကြား ထုတ်လုပ်ခဲ့တဲ့ Live and Let Die နဲ့ The Spy Who Loved Me စတဲ့ရုပ်ရှင်ကားကြီးတွေ အပါအဝင် ရုပ်ရှင်ကားကြီး ၇ ကားမှာ သရုပ်ဆောင်ခဲ့တာကြောင့် မင်းသားကြီး Roger Moore ကို ကမ္ဘာတလွှား လူသိများပြီးကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။

James Bond မင်းသား Roger Moore (၈၉ နှစ်) ကွယ်လွန်
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG