သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဆူနာမီ နှစ်ပတ်လည်


၂၀၁၁ မတ်လ ၁၁ ရက်နေ့က ဂျပန်မှာလှုပ်ခဲ့တဲ့ ငလျှင်နဲ့ ဆူနမီဒဏ်ကြောင့် သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း နှစ်ပတ်လည်အခမ်းအနား တိုကျိုမှာကျင်းပ (March 11, 2017)
၂၀၁၁ မတ်လ ၁၁ ရက်နေ့က ဂျပန်မှာလှုပ်ခဲ့တဲ့ ငလျှင်နဲ့ ဆူနမီဒဏ်ကြောင့် သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း နှစ်ပတ်လည်အခမ်းအနား တိုကျိုမှာကျင်းပ (March 11, 2017)

ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် လွန်ခဲ့တဲ့ ၆ နှစ်တုန်းက Fukushima Dai-Ichi နျူကလီးယား စက်ရုံမှာ အကြီးအကျယ် ထိခိုက်သေကျေမှုတွေ ကြုံခဲ့ရတဲ့ အဖြစ် အပျက်အတွက် နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားတွေ ဒီကနေ့ ကျင်းပကြပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ် မတ်လ ၁၁ ရက်နေ့မှာ ငလျင်စတင် လှုပ်ခတ်ခဲ့တဲ့ ဒေသစံတော်ချိန် ညနေ ၂ နာရီ ၄၆ မိနစ် တိတိမှာပဲ တိုကျိုမြို့လည်မှာ ခေါင်းလောင်းတွေ ထိုးခဲ့ကြ သလို၊ နိုင်ငံ တဝှမ်းက ပြည်သူတွေ ကလည်း ဦးညွှတ်ပြီး ခေတ္တငြိမ်သက် ခဲ့ကြပါတယ်။ တိုကျိုမြို့တော် အမျိုးသား ပြဇာတ်ရုံရှေ့က အောက်မေ့ဖွယ် အခန်းအနား မှာတော့၊ အသက်မသေ ကျန်ရစ် သူတွေ အပါအဝင် လူပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့ ကြသလို၊ အဖြူနဲ့ အဝါရောင် ပန်းတွေနဲ့ ပြင်ဆင်ထားတဲ့ အခန်းအနားမှာ ဂျပန်တော်ဝင် မိသားစုက မင်းသား Fumihito ၊ ကြင်ယာတော် Kiko တို့နဲ့အတူ ဝန်ကြီးချုပ် Shinzo Abe လည်း ဦးညွှတ်ဂါရ၀ ပြုခဲ့ကြ ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ အရှေ့မြောက်ဖက် ကမ်းရိုးတန်း ဒေသေ တွမှာ ပြင်းထန်တဲ့ ငလျင် လှုပ်ခတ်ခဲ့ရာက ဖြစ်ပေါ်လာတဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် လူပေါင်း တသောင်း ရှစ်ထောင်ကျော် သေဆုံး၊ ပျောက်ဆုံးခဲ့ရတာပါ။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ အသက်စည်းစိမ် အိုးအိမ်တွေ ဆုံးရှုံးမှုကြောင့် နောက်ထပ် လူပေါင်း ထောင်သောင်းချီပြီး ထိခိုက်ခံစားခဲ့ကြရပါတယ်။ Fukushima Dai-Ichi နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ရေဒီယို သတ္တိကြွဓာတ်တွေ ယိုစိမ့်မှုကြောင့် ဒေသခံတွေ အားလုံး ထွက်ပြေးခဲ့ကြ ရတဲ့အတွက်လည်း အခြေအနေ မဲ့သူတွေ ပိုများခဲ့ရပါတယ်။

ဂျပန်ဆူနာမီ နှစ်ပတ်လည်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG