သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရဲ့သားမက် Kushner ရုရှားနဲ့တွေ့ဆုံမှု လွှတ်တော်စစ်ဆေးမည်


သမ္မတ Donald Trump ရဲ့ သားမက်လည်းဖြစ်၊ သမ္မတရဲ့ အရေးပါတဲ့ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ Jared Kushner
သမ္မတ Donald Trump ရဲ့ သားမက်လည်းဖြစ်၊ သမ္မတရဲ့ အရေးပါတဲ့ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ Jared Kushner

၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထက်လွှတ်တော်က ပြုလုပ်နေတဲ့ စုံစမ်း စစ်ဆေးမှုတွေအတွက် သမ္မတ Donald Trump ရဲ့ သားမက်လည်းဖြစ်၊ သမ္မတရဲ့ အရေးပါတဲ့ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ Jared Kushner က ထွက်ဆိုဖို့ သဘောတူလိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

သမ္မတ Trump ရဲ့ အသိမိတ်ဆွေတွေနဲ့ ရုရှား အရာရှိတွေအကြားက ဆက်ဆံရေး အခြေအနေတွေအပေါ် ဆီးနိတ်က ပြုလုပ်နေတဲ့ စုံစမ်း စစ်ဆေးမှုတွေအတွက် ထွက်ဆိုကြတဲ့ သူတွေထဲမှာ Kushner ဟာ သမ္မတ Trump နဲ့ အနီးစပ်ဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

မနှစ် ဒီဇင်ဘာလအတွင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Sergey Kislyak နဲ့ Kushner တို့ ၂ ကြိမ် တွေ့ဆုံခဲ့ကြတဲ့ ကိစ္စကို ဆီးနိတ် စုံစမ်းရေး ကော်မီတီက အသေးစိတ် သိရှိလိုနေတာ ဖြစ်ကြောင်း New York Times သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီလို တွေ့ဆုံမှု ရှိခဲ့တယ်ဆိုတဲ့ ကိစ္စကို New York Times သတင်းစာကြီးကပဲ အရင်ဆုံး ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ ယူကရိန်းပိုင် Crimea ဒေသကို ရုရှားက ဝင်ရောက် သိမ်းပိုက်ခဲ့မှုနဲ့ ဆက်စပ်ပြီး အမေရိကန်အစိုးရက ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ ရုရှားအစိုးရပိုင် Vnesheconobank လို့ခေါ်တဲ့ ဖွံ့ဖြိုးရေးဘဏ် အကြီးအကဲနဲ့ Kushner တွေ့ဆုံခဲ့တယ်ဆိုတဲ့ ကိစ္စကိုလည်း ဆီးနိတ် လွှတ်တော်အမတ်တွေက သိရှိလိုနေကြောင်း New York Times မှာ ဖော်ပြထားပါတယ်။ အဲဒီလို တွေ့ဆုံခဲ့တယ်ဆိုတဲ့ကိစ္စကို အရင်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG