သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ပါလက်စတိုင်း တင်းမာမှုအန္တရာယ် ဝန်ကြီး Kerry သတိပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ရေရှည်ခံမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ လိုအပ်တဲ့ ကျယ်ပြန့်တဲ့ စည်းကမ်းချက်တွေကို ချပြခဲ့သလို ၂ နိုင်ငံ တည်ရှိရေး အဖြေရှာမှုကနေ ပဋိပက္ခ အခြေအနေ ရောက်သွားမယ်ဆိုရင် အန္တရာယ် သိပ်ကြီးကြောင်းလည်း သတိပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနမှာ ပြောကြားတဲ့ ဝန်ကြီး Kerry ရဲ့ တနာရီကြာ မိန့်ခွန်းထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လုံခြုံရေးကောင်စီက အစ္စရေးတွေရဲ့ သွားရောက် အခြေချမှုကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်အတွက် မဲမပေးဘဲ ကြားနေဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးလည်း ခုခံ ပြောဆိုခဲ့တာပါ။

အမေရိကန်က ကာလကြာရှည်စွာ မိတ်ဆွေအဖြစ် ရပ်တည်မှုကို သစ္စာဖောက်တယ်ဆိုတဲ့ အစ္စရေးရဲ့ ဝေဖန်မှုကို ဝန်ကြီး Kerry က ပယ်ချလိုက်ပြီး အခုလို ကုလသမဂ္ဂ မဲပေးမှုဟာ ၂ နိုင်ငံငြိမ်းချမ်းစွာ တည်ရှိရေး တည်တံ့စေဖို့ အဖြေရှာတာဖြစ်ကြောင်း ပြောပါတယ်။ အစ္စရေးအနေနဲ့ ဒီမိုကရေစီကျတဲ့ ဂျူး တနိုင်ငံအဖြစ် ရပ်တည်စေရေးအတွက် အမေရိကန်ဘက်က ရပ်တည်မှာဖြစ်ပြီး မဲပေးမှုဟာ အမေရိကန် စံတန်ဖိုးတွေနဲ့အညီ လုပ်ဆောင်မှု ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဝန်ကြီး Kerry ရဲ့ မိန့်ခွန်းထဲမှာ ကန့်သတ်ချက် ၆ ချက် ပါဝင်တဲ့ အဆိုပြုချက်အသစ်ကို ချပြခဲ့တာဖြစ်ပြီး ဒီအဆိုပြုချက်ဟာ ၂ နိုင်ငံ ငြိမ်းချမ်းစွာ တည်ရှိပြီး ယှဉ်တွဲနေထိုင်နိုင်ဖို့ အမေရိကန် အစိုးရ အတော်များများ ခေတ်အဆက်ဆက်က သဘောတူထားတဲ့ ယေဘုယျအချက်တွေ တည်မြဲရေးအတွက် တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအချက်တွေထဲမှာ အစ္စရေးနဲ့ ပါလက်စတိုင်း တို့ကြား နိုင်ငံတကာ သတ်မှတ် နယ်ခြားမျဉ်းတွေကို အသိမှတ်ပြုဖို့နဲ့ လုံခြုံအောင် စောင့်ရှောက်ဖို့ ပါဝင်သလို ပါလက်စတိုင်းပိုင်နက်ထဲ အစ္စရေးက မကျူးကျော်ဖို့ပါ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG