သုံးရလွယ်ကူစေသည့် Link များ

တူရကီနိုင်ငံ Diyarbakir မြို့မှာ တူရကီအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတဲ့ VOA ရဲ့ Kurd ဌာနမှာ တာဝန်ထမ်းဆောင်နေသူ Khajijan Farqin ဟာ အခု ပြန် လည် လွတ်မြောက်လာပါပြီ။

စနေနေ့က သူမ အဖမ်းခံခဲ့ရပေမယ့် Farqin ကိုဘာ့ကြောင့် ဖမ်းသွားတယ် ဆို တာ သေသေချာချာ မသိရသေးဘူးလို့ သူမ မိသားစုရဲ့ မိတ်ဆွေက ပြောပါတယ်။ အဲဒီဒေသဟာ အရေးပေါ် အခြေနေ ကြေညာထားတဲ့ ဒေသမို့ သူမ ရဲ့ ရှေ့နေ ကိုယ် တိုင်တောင် သူမနဲ့ ၅ ရက်အတွင်း အဆက်အသွယ် ရနိုင်မှာ မဟုတ်ဖူးလို့လည်း သူမရဲ့ မိသားစုကပြောပါတယ်။

BBC သတင်းဌာနအတွက်ပါ အလွတ်သတင်းထောက်အဖြစ် သတင်းပို့နေတဲ့ Farqin ဟာ ကြေးနီမိုင်းတွင်း တခု ပြိုကျတဲ့ သတင်းပို့ဖို့ အလာ Siirt ပြည်နယ်က ရဲလုံခြုံရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ turkish minute.com က ဖော်ပြပါတယ်။ ဒီလ အစောပိုင်းတုန်းကလည်း ပြင်သစ် သတင်းဝက်ဘ်ဆိုက် Lesjours.fr အတွက် အလုပ်လုပ်နေတဲ့ Olivier Bertrand လည်း ဆီးရီးယား နယ်စပ် တူရကီဘက်ခြမ်း Gazoantap မြို့မှာ သတင်းပို့နေတုန်း အဖမ်းခံရပြီး နယ်နှင်ခံခဲ့ရပါတယ်။

တူရကီနိုင်ငံမှာ ဇူလိုင်လ ၁၅ ရက် မအောင်မြင်တဲ့ အာဏာသိမ်းဖို့ ကြိုးစား မှု ဖြစ်ပွားခဲ့ချိန်ကစပြီး အရေးပေါ်အခြေနေ ထုတ်ပြန်ထားသလို သတင်းသမား ဒါဇင်နဲ့ ချီပြီးလည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လထဲမှာ Diyarbakir မြို့ရဲ့ တွဲဘက် မြို့တော်ဝန်တွေဖြစ်တဲ့ Gultan Kisanak နဲ့ Firat Anli တို့ကို အကြမ်းဖက်တဲ့ ပစ်မှုတွေနဲ့ ဖမ်းဆီးခဲ့ပြီး ရာထူးကနေ ဖယ်ရှားခဲ့တဲ့နောက် ထောင်နဲ့ချီတဲ့မြို့ခံတွေ ဆန္ဒပြခဲ့ကြတာပါ။ Diyarbakir မြို့ဟာ တူရကီအရှေ့တောင်ပိုင်းက Kurds အများစုနေထိုင်တဲ့ အကြီးဆုံး မြို့ကြီးဖြစ်ပြီး Kurds လိုလားတဲ့ လှုပ်ရှားမှုတွေကို ဗဟိုပြုလှုပ်ရှားကြတဲ့ နေရာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG