သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Nam ရဲ့ မျိုးဗီဇနမူနာ စစ်ဆေးအတည်ပြုနိုင်ပြီ


Kim Jong Namရဲ့ နောက်ဆုံး CCTV မှတ်တမ်း ရုပ်ပုံ
Kim Jong Namရဲ့ နောက်ဆုံး CCTV မှတ်တမ်း ရုပ်ပုံ

မလေးရှားနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ Kim Jon Nam ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ဖအေတူ မအေကွဲ အကိုဖြစ်ကြောင်း DNA မျိုးဗီဇနဲ့ တိုက်ဆိုင်စစ်ဆေး အတည်ပြုနိုင်ခဲ့ကြောင်း မလေးရှား အစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူ Kim Jon Nam ရဲ့ သားသမီးတယောက်ထံက ရရှိတဲ့ မျိုးဗီဇ နမူနာနဲ့ တိုက်ဆိုင်စစ်ဆေး အတည်ပြုနိုင်ခဲ့တာဖြစ်ကြောင်း မလေးရှား ဒုတိယ ဝန်ကြီးချုပ် Ahmad Zahid Hamidi က ဒီကနေ့ပဲ ပြောဆို လိုက်တာပါ။ သေဆုံးသူ Kim Jon Nam ကိုတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က Kuala Lumpur လေဆိပ်မှာ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

မလေးရှား အာဏာပိုင်တွေကတော့ အာရုံကြော ထိခိုက်စေတဲ့ VX အဆိပ်ဓာတ်ငွေ့နဲ့ အမျိုးသမီး ၂ ဦးက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောဆိုထားပြီး၊ Kim Jon Nam ကတော့ မျက်နှာကို အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံခဲ့ရပြီး မိနစ် ၂၀ လောက် အကြာမှာပဲ သေဆုံး သွားခဲ့တာပါ။

မြောက်ကိုရီးယားကတော့ မလေးရှားရဲ့ ရင်ခွဲစစ်ဆေးမှုတွေကို လက်မခံ ပဲ ငြင်းဆန် ထားပြီး၊ သေဆုံးသူဟာ Kim Jon Nam ဖြစ်ကြောင်းလည်း အခုအချိန် အထိ ပြောဆိုထားတာမျိုး မရှိသေးပါဘူး။ လေဆိပ် လုံခြုံရေးကင်မရာ မှတ်တမ်းတွေမှာ တွေ့ခဲ့ရတဲ့ တိုက်ခိုက်မှု ကျုးလွန်သူတွေအဖြစ် စွပ်စွဲခံထားရတဲ့ အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှား နိုင်ငံသူ Siti Aisyah နဲ့ အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်နိုင်ငံသူ Doan Thi Huong တို့ကိုတော့ လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။

မလေးရှား အာဏာပိုင်တွေကတော့ လုပ်ကြံမှုအတွက် မြောက်ကိုရီးယားကို အပြစ်ဖို့ထားပြီး၊ အမှုနဲ့ပတ်သက်လို့ နောက်ထပ် သံသယ ရှိသူတွေကိုလည်း အလိုရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG