သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Nam ကိုသတ်မှု မသင်္ကာသူလေးဦးမြောက် ဖမ်းဆီး


Kim Jong Nam နေထိုင်ခဲ့တဲ့ တရုတ်နိုင်ငံ မကာအိုက နေရာတခု
Kim Jong Nam နေထိုင်ခဲ့တဲ့ တရုတ်နိုင်ငံ မကာအိုက နေရာတခု

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှာ အသေအချာအကွက်ချပြီး လုပ်ကြံသတ်ဖြတ် ခံခဲ့ရပုံပေါ်တဲ့ Kim Jong Nam ရဲ့အလောင်းကို ပထမအကြိမ်ရင်ခွဲစစ်ဆေးရာမှာ ရှင်းလင်း တဲ့အဖြေ မရခဲ့တာကြောင့် ဒုတိယအကြိမ် ရင်ခွဲစစ်ဆေးခဲ့တယ်လို့ မလေးရှားတာဝန်ရှိ သူတဦးက စနေနေ့မှာပြောပါတယ်။

Kim Jong Nam ဟာမြောက်ကိုးရီးယားခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲအကိုဖြစ် ပါတယ်။ ဒုတိယအကြိမ် ရင်ခွဲစစ်ဆေးတဲ့ အပေါ် မြောက်ကိုးရီးယားဘက်က ဒေါသ တကြီးဖြစ်ခဲ့ ကြတာပါ။ ရင်ခွဲစစ်ဆေးချက်ရဲ့ ဘယ်လိုအဖြေကိုမဆို မြောက်ကိုးရီးယားက လက်ခံမှာ မဟုတ်ပဲ အလောင်းကိုချက်ချင်း ပြန်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

မလေးရှားဟာ တခုခုကိုဖုံးကွယ်ဖို့ ကျိုးစားနေသလို ရန်သူအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း ကြံစည်နေနိုင်တယ်လို့ မလေးရှားဆိုင်ရာ မြောက်ကိုးရီးယားသံ အမတ်ကြီးက ရင်ခွဲရုံ အပြင်ဘက်မှာ သောကြာနေ့နှောင်းပိုင်းက သတင်းထောက်တွေကို ပြောကြားသွား ပါတယ်။ သောကြာနေ့ညမှာ ဒုတိယအကြိမ် ရင်ခွဲစစ်ဆေးခဲ့တာဖြစ်ပြီး ပထမအကြိမ် ရင်ခွဲစစ်ဆေးမှုမှာ အဖြေ ရှင်းရှင်းလင်းလင်း မရခဲ့ဘူးလို့ စုံစမ်းစစ်ဆေးရေး အကြောင်း သိရှိထားတဲ့ မလေးရှားအရာရှိတဦးက အတည်ပြုပြောဆိုပါတယ်။

ရင်ခွဲစစ်ဆေးရာမှာ ရှင်းလင်းတဲ့အဖြေ ထွက်ပေါ်မလာတဲ့အတွက် ပဟေဋိ ဆန်ဆန်သေ ဆုံးသွားတဲ့ Kim Jong Nam နဲ့ပတ်သက်ပြီး မေးခွန်းပေါင်းစုံထွက်ပေါ်လာတာပါ။ ဒါပေမယ့် မြောက်ကိုးရီးယားနဲ့ ပတ်သက်လာရင် သူတို့ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတာနဲ့ နားမလည်နိုင်တဲ့ အခြေအနေတွေဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ သော ကြာနေ့ ညမှာတော့ အသက် ၄၆ နှစ်အရွယ်Ri Jong Chol နာမည်နဲ့ မှတ်ပုံတင် ကိုင်ဆောင် ထားသူ မင်္သကာဖွယ် လူတဦးကို ရဲတို့ကဖမ်းဆီးလိုက်ပါတယ်။ သူဟာ မလေးရှားရဲတို့ကဖမ်းဆီးထားတဲ့ စတုထ္ထမြောက်လူတဦးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG