သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် Kim Jong Un အပေါ် ကန်ပိတ်ဆို့မှု ချ


အမေရိကန်အစိုးရက မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို လူ့အခွင့်ရေး ချိုးဖောက်သူတွေ အပေါ်ချမှတ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်သူများ စာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းလိုက်ပါပြီ။

Kim နဲ့အတူ တခြားလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း ၂၂ ခု ကို ဆိုးရွားတဲ့ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ၊ ထွက်ပြေးသူတွေကို လိုက်လံ ရှာဖွေတာ ဒါမှမဟုတ် မြောက်ကိုရီးယားမှာ ပြုလုပ်တဲ့ ကန့်သတ်မှုတွေမှာ သူတို့ရဲ့ ပါဝင်ပတ်သက်နေမှုတွေအတွက် အမည်မည်း စာရင်းထဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာတော့ စုစုပေါင်း ၂၃ ဦးကို ထည့်သွင်းထားတာဖြစ်ပြီး အဲဒီထဲက တဦးဖြစ်တဲ့ Kim Jong Un ကိုတော့ သူဟာ သူ့နိုင်ငံသားတွေအပေါ် ဖိနှိပ်တဲ့ မူဝါဒတွေချမှတ်တာ အပါအဝင် သူ့အာဏာရှင် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး လုံးဝ တာဝန်ရှိသူအဖြစ် အမေရိကန်အစိုးရက သတ်မှတ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ဘဏ္ဍာရေးဆိုင်ရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Adam Szubin က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Kim Jong Un လက်ထက်မှာ မြောက်ကိုရီးယား နိုင်ငံဟာ သန်းနဲ့ချီတဲ့ ကိုယ့်နိုင်ငံသားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်တာ၊ အဓမ္မခိုင်းစေတာနဲ့ ညှင်းပမ်းနှိပ်စက်တာ အပါအဝင် ဆိုးရွားလှတဲ့ မယုံနိုင်အောင် ရက်စက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒီလို အမည်မည်းစာရင်း အသွင်းခံရမယ်ဆိုရင် SDN ခေါ် ပိတ်ဆို့အရေးယူခံစာရင်း အသွင်းခံရသူများဟာ သူ့ရဲ့ အမေရိကန်တရားရေးဌာန လက်အောက်မှာရှိတဲ့ ပိုင်ဆိုင်မှု ဒါမှမဟုတ် အကျိုးအမြတ်တွေ အားလုံးကို ထုတ်ယူခွင့် အပိတ်ပင်ခံရတာ ဖြစ်မို့ သူတို့အနေနဲ့ ငွေအလွှဲ အပြောင်း လုပ်ရာမှာ ခက်ခဲစေတာပါ။

မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူ့အခွင့်ရေးချိုုးဖေါက်တဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပြီး ကလေးငယ်တွေနဲ့ မိသားစုဝင်တွေ အပါအဝင် လူပေါင်း ၈ သောင်း ကနေ တသိန်း ၂ သောင်း လောက်အထိ ဖမ်းဆီးထားတဲ့ မြောက်ကိုရီးယား နိုင်ငံရေးအကျဉ်းစခန်းတွေမှာ အများဆုံး တွေ့ရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG