သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကော်မရှင် အချုပ်အခြာအာဏာမထိပါးနိုင်ကြောင်း ဒေါ်စုရှင်းလင်း


ရခိုင်ကော်မရှင်အရေး ဒေါ်စုနဲ့ ကိုဖီအာနန် ပူးတွဲသတင်းစာရှင်းလင်း
ရခိုင်ကော်မရှင်အရေး ဒေါ်စုနဲ့ ကိုဖီအာနန် ပူးတွဲသတင်းစာရှင်းလင်း

ရခိုင်ပြည်နယ်အကြံပေးကော်မရှင်မှာ နိုင်ငံတကာပုဂ္ဂိုလ်တွေပါနေလို့ နိုင်ငံအချုပ်အခြာအာဏာထိခိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်ပါတယ်။ ရခိုင်ပြည်တွင်းရေးကို နိုင်ငံတကာအရေးဖြစ်အောင် လုပ်ဆောင်မယ်ဆိုတဲ့ စွပ်စွဲချက်ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ ရန်ကုန်မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုရှင်းလင်းလိုက်တာပါ။ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ရှေ့ဆက်လုပ်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဖွဲ့ရာမှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်နေတဲ့အတွက် နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးနိုင်တယ်ဆိုပြီး ဖွဲ့စည်းထားတဲ့ ကော်မရှင်ကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုမှုတွေရှိနေခဲ့ပါတယ်။ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ ဒီအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မစိုးရိမ်ကြဖို့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ဘယ်လိုအကြောင်းနဲ့ မှ ထိပါးခံမှာ မဟုတ်ဘူးလို့ သူပြောဆိုခဲ့တာပါ။

“နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အချုပ်အခြာအာဏာကို ထိခိုက်နိုင်တယ်လို့ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါပေမယ့်လို့ အချုပ်အခြာအာဏာကို လုံးဝ ထိခိုက်ခံမှာမဟုတ်ပါဘူး။ ဒီတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ အားလုံးပိုင်တာပါ။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူတွေ ပိုင်တာပါ။ အစိုးရလည်း ပိုင်တာမဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ ဒီတိုင်းပြည်ကို ပြည်သူတွေကသာ ပိုင်တယ်၊ ပြည်သူတွေရဲ့ တာဝန်ဟာ ဒီတိုင်းပြည် ငြိမ်းချမ်းမှုနဲ့ ကြွယ်ဝမှုကို လိုလားတယ်ဆိုတာကို ပြသဖို့ဆိုတာကို နားလည်သဘောပေါက် နေသမ ျှတော့ ဘယ်သူကမှ ဒီတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးလို့မရပါဘူး။”

ဒီအပြင် နိုင်ငံတကာက ပုဂ္ဂိုလ်တွေကို ထည့်သွင်းက ကော်မရှင်ဖွဲ့တဲ့အပေါ်မှာရခိုင်ပြည်တွင်းရေးကိုနိုင်ငံ တကာအရေး ဖြစ်အောင်လုပ်ဆောင်နေတယ်လို့ အစိုးရသစ်ကို စွပ်စွဲပြောဆိုနေတာတွေနဲ့ပတ်သတ်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်း ဆန်လိုက်ပါတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို လမ်းမှန်ပေါ် ရောက်အောင် လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ရခိုင်ပြည်နယ်ဆိုင် အကြံပေး ကော်မရှင်ကို ဖွဲ့ခြင်းအားဖြင့် ပြည်တွင်းပြဿနာကို နိုင်ငံတကာ စင်မြင့်ပေါ်ကို ရောက်အောင် လုပ်တယ်လို့ ပြောနေကြတာမျိုးရှိပါတယ်။ လက်ရှိမှာ ဒါမျိုး လုံးဝမရှိပါဘူး။ ကျွန်မတို့တိုင်းပြည်ရဲ့ ပြဿနာတွေ နိုင်ငံတကာ မျက်နှာစာမှာ ရောက်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ကျွန်မတို့အနေနဲ့ ဒီတိုင်းပြည်ရဲ့ ပြဿနာတွေဟာ တကမ္ဘာ တဝှမ်းက လူတွေအတွက် ဘာကြောင့် အင်မတန်အရေးပါသလဲဆိုတာကို အဖြေရှာချင်တာပါ။ ကျွန်မတို့အနေနဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို လမ်းမှန်ပေါ် ရောက်အောင် ကြိုးစားသွားမှာပါ။”

ကေ်ာမရှင်အနေနဲ့ လက်တွေ့မြေပြင်အခြေအနေတွေက ပြဿနာတွေကို ကိုယ်တိုင် သွားရောက်လေ့လာရမှာဖြစ်တာကြောင့် ၁ ရက်ထဲ ၁ ပတ်ထဲနဲ့ မဟုတ်တော့တဲ့ ပြဿနာ ဇစ်မြစ်တွေရဲ့အဖြေကို ရှာနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဒီအပြင် ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ တိုင်းပြည်ဒဏ်ရာကို အကောင်းဆုံးကုစားနိုင်ဖို့ နည်းလမ်းရှာလိမ့်မယ်လို့ မျှော်လင့်မိတယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ကို ဥက္ကဌအဖြစ်ထားပြီး အတွေ့အကြုံရင့် ကျက်သူ မြန်မာ ၆ ဦးအပါအဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်တာမှာ အကြံပေး ကော်မရှင်ကို နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါဝင် ဖွဲ့စည်းပေးထားတာကြောင့် ဒီကော်မရှင်အပေါ် ရခိုင်ပါတီတွေနဲ့ ပါတီတချို့ကကန့်ကွက်တာတွေရှိခဲ့ပါတယ်။

အစိုးရသစ်အနေနဲ့ ကော်မရှင်အသစ် ထပ်ဖွဲ့စရာမလိုဘဲ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ရခိုင်ပြည် နယ်အရေး စုံစမ်းရေးကော်မရှင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို အခြေ ခံပြီး ရခိုင်အရေးအဖြေရှာဖို့ ရခိုင်ပါတီအချို့နဲ့ နိုင်ငံရေးပါတီ အချို့က တောင်း ဆိုမှု တွေလုပ်ထားသလို ကိုဖီအာနန်ကို လက်မခံကြောင်းလည်း အတိအလင်းထုတ်ဖော်ပြောဆိုနေမှုတွေရှိပါတယ်။

မစ္စ တာ ကိုဖီအာနန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် အရ ဒီကနေ့မှာ အလုပ်စတင် လုပ်ဆောင်တာဖြစ်ပါတယ်။လာမယ့် အင်္ဂါနဲ့ ဗုဒ္ဓဟူး နေ့တွေမှာတော့ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိသလို နေပြည်တော်ကိုလည်း သွားရောက်မှာပါ။ မစ္စတာ အာနန်ဟာ စက်တင်ဘာ ၈ရက်မှာ ရန်ကုန်မှာ ရခိုင်ကော်မရှင်နဲ့ပတ်သက်လို့ သတင်း စာရှင်းလင်းပွဲ လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒီလိုလုပ်ဆောင်ပြီး စက်တင်ဘာ ၉ ရက်မှာမှ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

ကိုဖီအာနန်ကတော့ ရခိုင်အရေးစုံစမ်းစစ်ဆေးမှုလုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေရှိနေပေမယ့် သူ့အနေနဲ့ အကောင်းဆုံးလုပ်သွားမယ်လို့ ပြောဆိုခဲ့ ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ ငြိမ်းချမ်းပြီး ပြည့်စုံ ကြွယ်ဝတဲ့ အနာဂတ်ဆီသို့ အတူတကွလျှောက်လှမ်းနိုင်မယ့် လမ်းကြောင်းရှာဖွေ နိုင်ဖို့ အကူညီပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။”

အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပံ့ပိုးရေး၊ ပြန်လည် ရင်ကြား စေ့ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးစတဲ့ ကဏ္ဍတွေအတွက် မြေပြင်အခြေအနေတွေ ကိုလေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။မြေပြင် အခြေအနေတွေကိုလေ့လာပြီး ၁၂ လအတွင်းအစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG