သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံအဖွဲ့ ရန်ကုန်တိုင်းအစိုးရ နဲ့ တွေ့ဆုံ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ခရစ္စတီး ကင်န်နီ နှင့် သံအမတ်ကြီး မာစီရယ်လ်တို့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ (U.S. Embassy Rangoon)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ခရစ္စတီး ကင်န်နီ နှင့် သံအမတ်ကြီး မာစီရယ်လ်တို့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ (U.S. Embassy Rangoon)

မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Kristie Kenney ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့အတူ ဒီကနေ့မနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့အကြား ဆက်ဆံရေး ပိုပြီးမြှင့်တင်နိုင်မယ့် နည်းလမ်းတွေနဲ့ စပ်လျဉ်း ပြီး ဆွေးနွေးကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒေသခံ လူမှုအသိုက်အဝန်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်မယ့် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေ ပိုပြီးတိုးမြှင့်သွားနိုင်ဖို့အတွက် သူဟာ ဆက်ပြီး ဦးဆောင်လှုပ်ရှားသွားမယ့်သူတဦးဖြစ်တယ်လို့ မစ္စစ်ကင်န်နီက ဆွေးနွေးပွဲ မှာ ပြောခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး နဲ့ နိုင်ငံတစ်ဝန်းရှိပြည်သူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ စီးပွားရေး အခွင့်အလမ်းတွေ မြှင့်တင်ဆောင်ရွက်နေတဲ့အပေါ် အမေရိကန်ပြည်ထောင်စု ကလည်း ဆက်ပြီး ကူညီ ပံ့ပိုးသွားမယ် လို့လည်း သံရုံးက ရေးထားပါတယ်။

မစ္စစ်ကင်န်နီဟာ သမ္မတ ဘရာ့ခ် အိုဘားမားက ကမကထပြုထားတဲ့ အစီအစဉ်တခုဖြစ်တဲ့ အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်အစီအစဉ် YSEALI အဖွဲ့ဝင်တွေဖြစ်ကြတဲ့ မြန်မာလွှတ်တော်အမတ်တချို့နဲ့လည်း ဒီကနေ့မှာပဲ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ ကျန်ရှိေသေးတဲ့ အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေကို ဆွေးနွေးကြတယ်လို့ သံရုံးရဲ့ ဖေ့စ် ဘုတ်မှာ ဖော်ပြထားပါတယ်။

မစ္စစ်ကင်န်နီဟာ အခုမြန်မာနိုင်ငံခရီးစဉ်ဟာ ဇူလိုင်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ အကူး အပြောင်းကို အမေရိကန်ပြည်ထောင်စုက အလေးအနက်ထားကြောင်း၊ ပြည်သူလူထု အချင်းချင်းကြား ဆက်ဆံမှုရဲ့တန်ဖိုးနဲ့ မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးမှုအတွက် အမေရိကန်ရဲ့ အထောက်အပံ့ အရေးပါမှုကို အလေးထားဖော်ပြရာ ရောက်တယ်လို့ သူ့ခရီးစဉ်မတိုင်ခင် ထုတ်ပြန်ချက်မှာ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG