သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား မိုင်းဗုံးကြောင့် တောင်ကိုရီးယား ၁ ယောက် သေဆုံး


စနေနေ့ညက တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ်နား တောင်ကိုရီးယားဘက်က အင်ဂျင်းမြစ်ထဲမှာ မြောက်ကိုရီးယားဘက်ကနေ မျောပါလာတဲ့ မိုင်းဗုံးတလုံး ပေါက်ကွဲခဲ့လို့ ငါးမျှားနေသူတဦး သေဆုံးသွားခဲ့ပြီး တဦး ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။

သေဆုံးသူ တောင်ကိုရီးယား နိုင်ငံသားဟာ အသက် ၄၈ နှစ်အရွယ်ရှိပြီး ဒဏ်ရာရရှိသွားသူဟာ အသက် ၂၈ နှစ်အရွယ် ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အရာရှိတွေက ဒီကနေ့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြေမြှုပ်မိုင်းတွေ ဒါဇင်နဲ့ချီပြီး ထည့်ထားတဲ့ သေတ္တာတွေ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားဘက်ကို မြစ်ကြောင်းအတိုင်း မျောပါလာခဲ့ပြီး ဒါတွေဟာ မြောက်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံနေတာကြောင့် ဖြစ်လိမ့်မယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က စပြီး မြေမြှုပ်မိုင်းတွေ ပါဝင်တဲ့ သေတ္တာတွေ အနည်းဆုံး ၂၉ လုံးကို တောင်ကိုရီးယား စစ်ဘက်နဲ့ ရဲဘက်က အင်ဂျင်းမြစ်ထဲ စီးဝင်ကြတဲ့ မြစ်ငယ်၊ ချောင်းငယ်တွေထဲကနေ ဆယ်ယူ ရရှိခဲ့ကြပါတယ်။

XS
SM
MD
LG