သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအရေး လွှတ်တော်မှာ အရေးကြီးအဆို ထပ်တင်ဖို့ ပြင်ဆင်နေ


လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အကောင်အထည်ဖော် နေသော ဝမ်ပေါင် ကုမ္ပဏီၤကို ပြီးခဲ့သော မတ်လ ၂၀ရက်က ဒေသခံများ ဆန့်ကျင်ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ - Courtesy Photo)
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အကောင်အထည်ဖော် နေသော ဝမ်ပေါင် ကုမ္ပဏီၤကို ပြီးခဲ့သော မတ်လ ၂၀ရက်က ဒေသခံများ ဆန့်ကျင်ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ - Courtesy Photo)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လာမယ့် သီတင်းပတ်အတွင်း လွှတ်တော်မှာ အရေးကြီးအဆိုတင်ဖို့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်က ပြင်ဆင် နေပါတယ်။

အခုချိန်ထိ မတည်ငြိမ်သေးတဲ့ လက်ပံတောင်းအရေး မကြာခင် ရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်း ဆွေးနွေးဖို့ ပြင်ဆင်နေပြီလို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်က ဗွီအိုအေကိုပြောပါတယ်။ ဒီအတောအတွင်းမှာပဲ ကြေးနီ စပြီး ပြန်ထုတ်တော့မယ် လို့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက နေ ကြေညာခဲ့ပြီးချိန်ကတည်းက ဖြစ်နေခဲ့တဲ့ တင်းမာမှုတွေကလည်း အရှိန်လျော့မသွားဘဲ ဆက်ဖြစ်နေဆဲပါ။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ကြုံနေရဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်းး ယင်မားပင်ခရိုင်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မေလ ၅ရက်နေ့က စတင်ပြီး ကြေးနီစထုတ်မယ် လို့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ကြေငြာခဲ့ပြီးတဲ့နောက်မှာ ၄ ရက်မြောက်နေ့ အဖြစ် တင်းမာမူတွေ ဆက်ဖြစ်နေပါတယ်။

လက်ပံတောင်း အရေးနဲ့ ပက်သက်လို့ အချက်အလက်တွေ ပြင်ဆင်နေပြီး၊ ရှေ့သီတင်းပတ်အတွင်းမှာပဲ လွတ်တော်မှာ အရေးကြီးအဆိုကို တင်သွင်းသွားမှာဖြစ်တယ်လို့ လက်ပံတောင်းတောင် ဆားလင်းကြီးြမို့နယ်က ရွေးချယ်ခံရတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီမှာ လွတ်တော်ထဲမှာ အရေးကြီးအဆိုကို တင်သွင်းဖို့လုပ်နေပါတယ်။ ကျနော်တို့က ၅နှစ်ထဲရောက်လာပါပြီ။ ၅နှစ်ထဲ ရောက်လာတော့ တနှစ်ကို အကြိမ်၁၀၀ကျော် ဆန္ဒပြပွဲတွေရှိတယ်။ ပုဒ်မ ၁၄၄ကလည်း အခုချိန်ထိ ထုတ်ထားတုန်းပဲ အဲဒီဟာတွေကို ကို ကျနော်တို့လုပ်နေပါတယ်။ လုပ်နေတယ် ဆိုတာက အဆင်ပြေအောင် လွတ်တော်ကနေ စီစစ်ပေးမယ်။ ကျနော်တို့ စီစစ်တဲ့ အပိုင်းရောက်ပါပြီ။ ရှေ့အပတ်ထဲကျရင် လွတ်တော်ကအသံကြားရမှာပါ။”

ပြည်သူ့ လွတ်တော်တွင်းမှာ အရင်တခါတုန်းကလည်း လက်ပံတောင်အရေးနဲ့ ပတ်သက်လို့ တင်ပြမူတွေ အရင်တုန်းကလည်း လုပ်ခဲ့ပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်များ အားလုံုးက မတ်တပ်ရပ်ပြီး က့န်ကွက်မူကို ကြုံရတာပါ။ ဒီတခါမှာတော့ သေချာပြင်ဆင်ပြီး လုပ်ဆောင်နေရတယ်လို့ ဦးဝင်းသိန်းဇော်က ပြောပါတယ်။ အဲဒီ ဒေသမှာ ရွေးချယ်ခံရသူ တဦးအနေနဲ့ သူမှာလည်း အဓီကတာဝန်ရှိတာကြောင့် လူထု နစ်နာချက်ကို တင်ပြရမှာ ဖြစ်တယ်လို့ိုဆိုပါတယ်။

“ကျနော်သိပါတယ် ကျနော်မှာလည်းတာဝန်ရှိသလောက် ရှိပါတယ် ကျနော်က အဲဒီ ဒေသမှာရွေးချယ်ခံထားရတာလေ။ ကျနော်တို့ကို မဲပေးထားတဲ့ ပြည်သူတွေ ရဲ့ဆန္ဒကိုသိနေတယ်။ ကျနော်တာဝန်ဖြစ်နေတာကိုလည်း ကျနော်သိပါတယ်။ တဖက်ကလည်း အတိုက်အခံက ရှိနေတော့ ဘယ်လိုမှ ငြင်းလို့မရအောင်လုပ်ရမှာပါ။ လက်ပံတောင်းတောင်က အရေးလည်းကြီးပါတယ်။ အရင်တခါကလည်းတင်ဘူးပါတယ်။ ကျနော်တို့ အစိုးရလက်ထက်မှာ ကျနော်တို့ပြည်သူလွတ်တော်မှာ တင်ဘူးပါတယ်။ တင်တဲ့အခါမှာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ နည်းနည်းမှ စကားအသုံးအနှုံးလည်း အတင်အစီးမခံဘူး။ အင်မတန်အရေးကြီးတဲ့ အခါကျတော့ ဆိုခဲစေမြဲစေဆိုပြီး ပြောတိုင်းလည်းမကောင်းဘူး။ ပြောတဲ့အခါ အရာရောက်ရမယ် ဆိုတဲ့သဘောမျိုး ကျနော်တို့က တိတိကျကျလေးဖြစ်အောင် ဆင်ဆင်ခြင်ခြင် လည်းဖြစ်အောင် အမှားအယွင်းမပါရအောင် စီစစ်နေပါတယ်။ မကြာခင်မှာတော့ မကြာခင်ဆိုတာ ရှေ့အပတ်ထဲလောက်ဖြစ်မှာပါ။ လွတ်တော်ထဲက အသံကြားရမှာပါ။”

လက်ပံတောင်းဒေသခံတွေရဲ့ မြေယာတွေကို သိမ်းယူပြီး လုပ်ဆောင်နေတယ် လို့ ဒေသခံတွေကပြောဆိုနေတဲ့လက်ပံတောင်း တောင် ကြေးနီစီမံကိန်းနဲပတ်သက်လို့ မေလ ၄ရက်နေ့ကစပြီး ၄ရက်ဆက်တိုက် ဆိုသလို တင်းမာမူတွေ ဆက်ဖြစ်နေတာပါ။ ဒီနေမှာတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း သီးနှံ လျော်ကြေးတွေနဲ့ မြေယာတွေ ပြန်ပေးဖို့ကိစ္စကို ကုမ္ပဏီဘက်က မပေးတာကြောင့် ဆိုပြီး ဒေသခံတွေက အမူသွားဖွင့်ခဲ့ရာမှာ အမူဖွင့်ခွင့်မရတဲ့အကြောင်း ဒေသခံတဦးကလည်းပြောပါတယ်။


“ဧက ၁၉၀၀ပြန်ပေးမယ်ဆိုပြီးအစီရင်ခံစာထဲမှာပါတဲ့အတိုင်း ဧက ၁၉၀၀ မပေးတဲ့အတွက် ကျမတို့ရဲစခန်းမှာလာပြီးအမူဖွင့်တာပါရှင့်။ လက်မခံပါဘူး ရှင်။ စခန်းမူးမရှိဘူးဆိုပြီး ရဲတပ်ကြပ်ကနေလက်မခံပါဘူး။”

နှစ်ဖက်တင်းမာနေချိန် ရဲအာဏာပိုင်တွေ ဘက်ကလည်း ဒေသခံတွေကို အခုလိုတုန့်ပြန်ပြောဆိုနေပါတယ်။

“အားလုံးနိုင်ငံတော်အကြီးအကဲတွေ နားတွေ ပါတယ်။ မျက်စိတွေပါတယ် ခင်ဗျားတို့ဘာတွေလုပ်နေသလဲဆိုတာကျနော်တို့နေစဉ်နဲ့အမျှ တင်ပြပေးနေ ပါတယ်။”

ကန့်ကွက် ဆန္ဒပြမူတွေ အများအပြားကြုံနေရတဲ့ စီမံကိန်းဟာ သေနတ်တွေပစ်ခတ်မူတွေနဲ့ လူသတ်မူတွေ ဖြစ်တဲ့အထိ ပြသနာတွေ လည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်တုန်းကတော့ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာကြောင့် သံဃာအပါး၁၀၀ခန့်ဟာ မီးလောင်ဒဏ်ရာတွေရခဲ့တာပါ။ အဲဒီအမူနဲ့ ပတ်သက်လို့လည်း အရေးယူဆောင်ရွက်မူမရှိ၊ အမူဖွင့်ခွင့် မရတာတွေကြောင့် ဒီအရေးဟာ အခုချိန်ထိ မပြေလည်နိုင်သေးဘဲဖြစ်နေရပါတယ်ရှင်။

XS
SM
MD
LG