သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွလက်က ရေနံဆိပ်ကမ်း ၂ ခု လစ်ဗျားခွဲထွက်ရေးတပ် ပြန်သိမ်း


လစ်ဗျားနိုင်ငံက Ras Lanuf ရေနံသိုလှောင်ကန်။
လစ်ဗျားနိုင်ငံက Ras Lanuf ရေနံသိုလှောင်ကန်။

လစ်ဗျားနိုင်ငံအရှေ့ပိုင်းက ရေနံ သိုလှောင်ကန်ကြီးတွေရှိတဲ့ ဆိပ်ကမ်း ၂ ခုကို ထိန်းချုပ်နိုင်လိုက်ပြီလို့ ခွဲထွက် ဗိုလ်ချုပ်ကြီး Khalifa Haftar ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက ပြောနေကြပါတယ်။

Ras Lanuf နဲ့ al-Sidra ဆိပ်ကမ်း ၂ ခုလုံးကို ဒီလအစောပိုင်းက IS စစ်သွေးကြွတွေက သိမ်းထားတာဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံမှာ အာဏာရှင် Moammar Gadhafi ဖြုတ်ချခံရပြီး အသတ်ခံခဲ့ရတဲ့ 2011 ခုနှစ်နောက်ပိုင်းထဲက ပြိုင်ဘက် နိုင်ငံရေးအဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေ ကွဲခဲ့ကြပါတယ်။

နိုင်ငံထဲက ရေနံပေါကြွယ်ဝတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ အစိုးရအဖွဲ့ ၂ ခုလုံးနဲ့ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့တွေက ကြိုးစား နေကြတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး Haftar တို့အဖွဲ့ဟာ ကုလသမဂ္ဂ ထောက်ခံထားတဲ့ Tripoli မြို့တော်က အစိုးရကို စိန်ခေါ်နေတဲ့ နိုင်ငံအရှေ့ပိုင်း Tobruk မြို့မှာအခြေစိုက်တဲ့ အစိုးရအဖွဲ့နဲ့ မဟာမိတ်ဖြစ်ပါတယ်။

ကုန်းကြောင်း ၊ လေကြောင်း ၊ ရေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် Benghazi Defense Brigades လို့ဆိုတဲ့ စစ်သွေးကြွအဖွဲ့ လက်ကနေ ရေနံဆိပ်ကမ်း ၂ ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ Hafter ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

လစ်ဗျာနိုင်ငံမှာ ထိရောက်တဲ့ အစိုးရအုပ်ချုပ်မှု စနစ်မရှိတာ ၆ နှစ်နီးပါးရှိနေပါပြီ။ Gadhafi မရှိတော့တဲ့နောက်ပိုင်း လစ်ဗျားဟာ ကမ္ဘာမှာ တည်ငြိမ်မှု မရှိဆုံးနိုင်ငံတခုအဖြစ် သံတမန်တွေ၊ လစ်ဗျာအရေး လှုပ်ရှားသူတွေက ဖော်ပြ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG