သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးက ခိုးသွင်းကားတွေ မြန်မာနိုင်ငံရောက်


သီလဝါဆိပ်ကမ်းအတွင်း တပတ်ရစ်ကားများကို တွေ့ရစဉ်
သီလဝါဆိပ်ကမ်းအတွင်း တပတ်ရစ်ကားများကို တွေ့ရစဉ်

မလေးရှားနိုင်ငံက ကားခိုးဂိုဏ်းတွေဟာ အိမ်နီးချင်းထိုင်းတနိုင်ငံတည်းနဲ့တင် စီးပွားလုပ်နေကြတာမဟုတ်ဘဲ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေအထိပါ တိုးချဲ့လာနေကြတယ်လို့ ယုံကြည်ရကြောင်း မလေးရှားနိုင်ငံထုတ် Bernama သတင်းမှာ ဖော်ပြထားပါတယ်။ မလေးရှားမှာ အခိုးခံရတဲ့ကားတွေကို အဲဒီနိုင်ငံတွေဆီပို့နိုင်ရင် ပြန်ရှာတွေ့စရာလမ်းမရှိတော့ဘူးလို့ ဂိုဏ်းအဖွဲ့ဝင်တွေပြောတာကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြထားပါတယ်။

မလေးရှားမှာ ခိုးတဲ့ကားတွေကို စင်္ကာပူကတဆင့် ရေကြောင်းကပို့ကြောင်း၊ အဲဒီကမှ ထိုင်းနိုင်ငံမှာ ပထမတထောက်နားကြောင်းနဲ့ ထိုင်း Laem Chabang ဆိပ်ကမ်းဟာ သူတို့ရဲ့ အဓိက ဆိပ်ကမ်းဖြစ်ကြောင်း မလေးရှား ကားခိုးတဲ့ဂိုဏ်းအဖွဲ့ဝင်တဦးကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြထားပါတယ်။ ဆိပ်ကမ်းကိုရောက်လာတဲ့ကားတွေကို ထိုင်းနိုင်ငံမှာ ရောင်းမစွံရင် ထိုင်းနဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကုန်းလမ်းကနေ တင်ပို့ကြတယ်လို့ ဆိုပါတယ်။

အခုလ အစောပိုင်းတုန်းကလည်း ထိုင်းရဲတပ်ဖွဲ့က မလေးရှား Ringgit ငွေ ၂.၂ သန်းနဲ့ ညီတဲ့ ကား ၂၂ စီးကို မလေးရှားရဲတပ်ဖွဲ့ထံ ပြန် လွှဲပြောင်းပေးခဲ့သလို မနှစ်ကလည်း ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းကို ကားခိုးဂိုဏ်းတွေက တင်သွင်းလာတယ်လို့ ယူဆရတဲ့ ဇိမ်ခံကား ၁၈ စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့ပါတယ်။ မလေးရှားက ခိုးသွင်းလာတယ်လို့ ယူဆရတဲ့ ကားတွေ ထိုင်း-မြန်မာ နယ်စပ်ဒေသအပြင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာလည်း မောင်းနေတာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တွေ့ခဲ့ရတယ်လို့ ဆိုပါ တယ်။

မလေးရှားနိုင်ငံက ခိုးထုတ်လာတဲ့ Four Wheel Drive ကားတွေဟာ မြန်မာနိုင်ငံထဲက မှောင်ခိုဈေးကွက်မှာ လူကြိုက်များ တယ်လို့ ဆိုပါတယ်။ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ကားခိုးတဲ့ ဂိုဏ်းတွေဟာ သူတို့အချင်းချင်းကြား ခိုင်မာ တောင့်တင်းတဲ့ ဆက်သွယ်ရေး ကွန်ယက်ရှိတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဖမ်းဆီး နှိမ်နင်းဖို့ ပိုမို ခက်ခဲစေတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG