သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအခြေအနေကြောင့် မလေးအလုပ်သမား စေလွှတ်မှု ရပ်ဆိုင်း


မလေးရှားနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့သွားရောက်တဲ့ မြန်မာနိုင်ငံသားများ(Myanmar Embassy in Kuala Lumpur, Malaysia)
မလေးရှားနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့သွားရောက်တဲ့ မြန်မာနိုင်ငံသားများ(Myanmar Embassy in Kuala Lumpur, Malaysia)

မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားတွေ စေလွှတ်နေတဲ့ အစီအစဉ်ကို လတ်တလော နိုင်ငံရေးအခြေအနေတွေအရ ယာယီရပ်ဆိုင်းထားမှာ ဖြစ်တဲ့အကြောင်း မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်မှုတွေကြောင့် အလုပ်သမားတွေ စေလွှတ်မယ့်အစီအစဉ်ကို ယာယီရပ်ဆိုင်းလိုက်ကြောင်း အလုပ်သမားညွှန်ကြားမူဦးစီးဌာနက ကြေငြာချက်လိုက်တာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မလေးရှားဝန်ကြီးချုပ် ဦးဆောင်ပြီး မကြာသေးခင်က ကန့်ကွက်ဆန္ဒပြမှုတွေ ကြုံခဲ့ရပြီးနောက် အလုပ်သမားတွေ စေလွှတ်တဲ့ အစီအစဉ်ကို ယာယီရပ်ဆိုင်းလိုက်တာပါ။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံသားတွေ မလေးရှားနိုင်ငံမှာ လုံခြုံမှုအခြေအနေအပေါ် စိုးရိမ်မှုကြောင့် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အလုပ်သမားညွှန်ကြားမူဦးစီးဌာန ညွှန်ကြားရေးမူးချုပ် ဦးမျိုးအောင် ကပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် မလေးရှားမှာဖြစ်နေတဲ့ အခြေအနေပေါ်မှာ မူတည်လိုက်တာပေါ့နော်။ မလေးရှားမှာ ဒီလိုကျနော်တို့ နိုင်ငံအပေါ်မှာ ဒီလိုပြောနေလို့ တချို့က Government တောင်ပါလာတယ်ဆိုတဲ့အကြောင်း ဖြစ်တော့ ကျနော်တို့ကတော့ အခြေအနေအရ သွားတဲ့ အလုပ်သမားတွေကို လက်ရှိအခြေအနေအရတော့ မသင့်တော်သေးဘူးလို့တော့ ထင်တာပေါ့နော်။ မသင့်တော်သေးဘူးလို့ထင်တဲ့အတွက် ခဏရပ်ဆိုင်းလိုက်တာပေါ့နော်။ ကျနော်တို့ ခေတ္တလို့လည်း သုံးထားပါတယ်။”

လူသစ်တွေကိုသာ.ယာယီရပ်ဆိုင်းထားပေမဲ့စေလွတ်ဖို့အတွက် ခွင့်ပြုစာနဲ့ဆေးစာကျပြိးသားအလုပ်သမားတွေကိုတော့ မလေးရှားနိုင်ငံကိုပို့ဆောင်နေဆဲဖြစ်ပြီး ဒီအလုပ်သမားတွေနဲပတ်သက်လို့အလုပ်သမားတွေစေလွတ်နေတဲ့ အေဂျင်စီတွေနဲ့ မလေးရှားနိုင်ငံဘက်က အလုပ်ရှင်တွေဘက်က တာဝန်ခံပေးဖို့တော့ပြောဆိုထားတယ်လို့ဆိုပါတယ်။

“သင်တန်းတက်တယ်၊ ခုနကလို Visa တွေဘာတွေတင်တယ် ဆိုတော့ သူတို့ကလည်း ခွင့်ပြုချက် ရပြီးတာတောင် အနည်းဆုံး ၂ ပတ်ကနေ ၁ လခန့်ကြာမှာကို အခု ကျနော်တို့ အခုမှ လုပ်ပေးမယ်ဆိုလည်း သူတို့အားလုံးက Ready ဖြစ်နေတဲ့ ကလေးတွေရော အေဂျင်စီတွေလည်းရှိတာပေါ့နော်။ ဟိုဘက်က အလုပ်ရှင်ကိုမေးတော့လည်း တာဝန် ယူပါတယ် ကောင်းတယ်ပေါ့နော် အဲဒါဆိုရင်လည်း သွားကြပါ။ ကလေးတွေကိုတော့ တက်နိုင်သမျှ ဆက်သွယ်ပြီးတော့ လုပ်ပါဆိုပြီးတော့ သူတို့ကို ကျနော်တို့ မှာပါတယ်။”

မလေးရှားနိုင်ငံကို မြန်မာနိုင်ငံကနေတလမှာအလုပ်သမားစေလွတ်မူတွေက ၂၅၀၀ကနေ လူ၃၀၀၀လောက်ှရှိနေပြီ လက်ရှိမှာလည်း မလေးရှားနိုင်ငံမှာ တရားမဝင်ကော တရားဝင်ပါ နေထိုင်နေကြတဲ့မြန်မာနိုင်ငံသားသိန်းနဲ့ချီရှိနေတာပါ။ မလေးရှားရောက်မြန်မာတွေကတော့ မလေးရှားနိုင်ငံမှာမြန်မာ့အရေးနဲပတ်သက်လို့မတည်ငြိမ်မူတွေဖြစ်အပြီးမှာစိုးရိမ်ပူပန်မူတွေတော့ရှိနေတယ်လို့မလေးရှားရောက်မြန်မာတွေက ဆိုပါတယ်။

“ဖြစ်လာနိုင်ခြေပိုများတယ်ပေါ့နော် ဒါကတော့ ကျနော်တို့ ခန့်မှန်းကြည့်တာပေါ့နော် မဖြစ်လာရင်တော့ ပိုကောင်းတာပေါ့ဗျာ၊ ဒါပေမယ့် ဖြစ်လာမယ် မဖြစ်လာဘူး ဆိုတာတော့ အခြေအနေပေါ် ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ သူတို့ကတော့ ဖြစ်အောင်တော့ တွန်းအားပေးတာ မဟုတ်ဘူးပေါ့နော်။ သူတို့ပါ ပါဝင်ပတ်သက်လာတဲ့အခါကျတော့ ဒီဘက်ကိုပိုပြီးတော့ဖြစ်လာနိုင်တယ်ပေါ့။ ဒါက အကြောင်းတစုံတခုကြောင့် အပြင်သွားလာရမယ့်ဟာတွေမှာ သတိနဲ့ သွားဖို့ ကြေညာထားတယ်ဆိုတဲ့အခါကျတော့ ကျနော်တို့အားလုံးက ကျီးလန့်စာ မျိုး ဖြစ်နေမှာပေါ့နော်။ စိုးရိမ်မှုကတော့ အနည်းနဲ့ အများရှိကြတာပေါ့ခင်ဗျ။”

အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမူဦးစီးဌာနကနေ မလေးရှားကိုတရားဝင်စေလွတ်တဲ့အလုပ်သမားပေါင်း ၂သိန်းကျော်ရှိပြိး တခြားနည်းလမ်းတွေနဲ့မလေးရှားကိုရောက်သွားသူအားလုံးပေါင်းရင် မြန်မာအလုပ်သမား ၅သိန်းထက်မနည်း ရှိနေတယ်လို့ အလုပ်သမားညွန်ကြားမူဦးစီးဌာနက ညွန်ကြားရေးမူးချုပ်ဦးမျိုးအောင်က ပြောပါတယ်။

“ဟိုတုန်းကလည်း ကျနော်တို့ အထောက်အထားဆိုပြီးတော့မှ program တခုလုပ်ပေးတာ ၊ ဒီကနေ တရားဝင် အလည်အပတ် Visa နဲ့သွားပြီး ဟိုဘက်မှာ အလုပ်သွားလုပ်တာတွေလည်း ရှိတာပေါ့နော်။ ဒီအတိုင်း နယ်စပ်ကနေ ကူးပြီးတော့ ဝင်သွားတဲ့ လူတွေလည်း ရှိနေတာပဲ။ ကျနော်ခန့်မှန်းမိတာကတော့ လူ ၅ သိန်းလောက်တော့ ရှိမယ်ဗျ

မလေးရှားနိုင်ငံဟာ မြန်မာပြည်ကထွက်ပြေးခိုလှုံလာသူတွေကိုလက်ခံထားပြီး တချိုတွေကတော့ UN အစီစဉ်နဲ့ တတိယနိုင်ငံကိုဒုက္ခသည်တွေအဖြစ်သွားကြသူတွေလည်းရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ရခိုင်နဲ့ဘင်္ဂလားနယ်စပ်က လှေစီးပြေးဒုက္ခသည်တွေ ကိုလည်းမလေးရှားက ခိုလှုံခွင့်ပေးထားရတာတွေလည်းရှိပါတယ်လက်ရှိမှာတော့ မလေးရှားအခြေအနေကိုကြည့်ပြိးဒီဇင်ဘာလ၆ရက်နေကစပြိး ဒီကာလအတွင်းမှာတော့ အလုပ်သမားစေလွတ်မူတွေ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပြိးအခြေအနေတွေတည်ငြိမ်သွားရင်တော့ ပြန်ပြိးအလုပ်သမားတွေစေလွတ်ဖွယ်ရှိတယ်လို့ လည်းအလုပ်သမားညွန်ကြားမူဦးစီးဌာနကပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG