သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရောက် အမျိုးသမီးဒုက္ခသည် ရံပုံငွေပွဲတော်


မလေးရှားရောက် မြန်မာ အမျိုးသမီး ဒုက္ခသည်တွေအတွက် ရံပုံငွေရှာတဲ့ အနေနဲ့ အညတြ အမျိုးသမီးသူရဲကောင်းများလို့ နာမည်ပေးထားတဲ့ ၄ ရက်ကြာ ရံပုံငွေပွဲတော်ကို ဧပြီလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့မှာ ကျင်းပနေပါတယ်။

၂၀၁၀ တုန်းက မြန်မာအမျိုးသမီး ဒုက္ခသည်တွေ ဦးဆောင်တဲ့ Project Tanma ရံပုံငွေပွဲမှာ လက်မှုပစ္စည်းတွေကို အဖိုးနှုန်းသက်သာ နဲ့ ရောင်းချပြီး အမျိုးသမီးတွေရဲ့ စွမ်းအားပြသတဲ့ စီမံကိန်းတွေလုပ်ဆောင်ခဲ့ရာမှာ အောင်မြင်ခဲ့တာမို့ အခု နောက်ထပ် ပွဲတပွဲ ထပ်ပြီး ကျင်းပတာလို့ Tenaganita NGO အဖွဲ့က ပြောပါတယ်။

အခုရံပုံငွေပွဲမှာ ပါဝင်ဆင်နွှဲတဲ့ Tanma အဖွဲ့က Ophelie Grasset က မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစု ၄ မျိုးက အမျိုးသမီး ၅၀ ကျော်အတွက် Tanma အဖွဲ့က နှစ်စဉ် မလေးရင်းဂစ် သုံးသောင်း ခွဲလောက် ကုန်ကျနေတယ်လို့ ပြောပါတယ်။

ဒီပွဲတော်မှာ အနုပညာ လက်ရာတွေကို ခင်းကျင်းပြသထားပြီး ရောင်းချမှာ ဖြစ်ပါတယ်။ ပြပွဲကို ပြင်သစ် အနုပညာအကြံပေးလည်းဖြစ် အရှေ့တောင်အာရှ အနုပညာကျွမ်းကျင်သူလည်း ဖြစ်တဲ့ Jihane Ferrah ရဲ့ အကူအညီနဲ့ ကျင်းပခဲ့တာ ဖြစ်ပြီး ပါဝင်ပြသတဲ့ အနုပညာလက်ရာသစ်တွေထဲမှာ မြန်မာနိုင်ငံက ဖြူမွန်၊ မလေးရှားက Ng Kim Heoh နဲ့ ပြင်သစ်က Catherine Delmas-Lett တို့ရဲ့ လက်ရာတွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့ အနုပညာလက်ရာတွေကို အားလုံးခံစားနိုင်ဖို့ ဈေးနှုံး သက်သက်သာသာနဲ့ ရောင်းချမယ်လို့ Ferrah ကပြောပါတယ်။

မလေးရှားမှာ တလကြာ နှစ်စဉ်ကျင်းပတဲ့ MAP ယဉ်ကျေးမှုပွဲတော်မှာ ဒီရံပုံငွေရှာပြပွဲကို ထည့်သွင်း ကျင်းပတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG