သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Manchester ဗုံးပေါက်ကွဲမှု လူ ၁၉ဦး သေ၊ ၅၀ ကောျ် ထိခိုက်


Manchester ဗုံးပေါက်ကွဲမှု
Manchester ဗုံးပေါက်ကွဲမှု

ဗြိတိန်နိုင်ငံ၊ Manchester မြို့ အားကစားရုံအတွင်း ကျင်းပနေတဲ့ အမေရိကန်အဆိုကျော် Ariana Grande ရဲ့ Rock ဂီတ ဖျော်ဖြေပွဲ ပြီးခါစမှာ ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး ၁၉ ဦးသေဆုံးပြီး ၅၀ လောက် ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။ဒီပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်နိုင်ခြေရှိတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က သုံးသပ်ပါတယ်။

ပရိတ်သတ်ပေါင်း ၂၁,၀၀၀ အထိ ဆန့်တဲ့ အဲဒီ အားကစားရုံအတွင်း ပေါက်ကွဲမှု ၂ ခုဖြစ်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံက သတင်းမီဒီယာတွေမှာ ဖော်ပြကြပြီး လူ ၂၀ - ၃၀ လောက်လည်း ကြမ်းပြင်ပေါ်မှာ လဲကျနေတယ်လို့ ဆိုပါတယ်။

ဒေသစံတော်ချိန် တနင်္လာနေ့ညမှာ ဖြစ်သွားခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ပေါက်ကွဲမှုဖြစ်ပြီး နောက်ဆက်တွဲအဖြစ် သေနတ်သံလို ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ ဗြိတိန် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Manchester အားကစားရုံအနီးက Victoria ရထားဘူတာရုံကိုလည်း အခုချိန်မှာ ပိတ်ထားလိုက်ပြီး အများပြည်သူတွေ အနေနဲ့လည်း ဒီဒေသကို မလာကြဖို့ ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အားကစားရုံအတွင်း ကျင်းပတဲ့ အမေရိကန် အဆိုတော် Ariana Grande ရဲ့ Rock ဂီတပွဲကို လာကြည့်ကြသူတွေ ပွဲပြီးလို့ အပြင်ကို ထွက်လာနေကြတဲ့အချိန်မှာပဲ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာကြောင်း အားလုံး ကြောက်လန့်တကြားနဲ့ အော်ဟစ် ထွက်ပြေးကြကြောင်းလည်း မျက်မြင် သက်သေတွေက ပြောပါတယ်။ Ariana Grande ကတော့ ဘာမှမဖြစ်ဘူးလို့ သူမရဲ့ ပြောခွင့်ရက ပြောပါတယ်။

ပေါက်ကွဲမှုဟာ အကြမ်းဖက်မှုဖြစ်နိုင်ခြေရှိတယ်လို့ ဗြိတိန်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG