သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ယူက ချန်ပီယံလက်စတာကို ဂိုးပြတ်အနိုင်ရ


Premier League ပွဲ၊ စက်တင်ဘာ ၂၄၊ ၂၀၁၆
Premier League ပွဲ၊ စက်တင်ဘာ ၂၄၊ ၂၀၁၆

မန်ချက်စတာယူနိုက်တက် နဲ့ လက်ရှိချန်ပီယံ လက်စတာစီးတီးအသင်းတို့ ဒီကနေ့ ကစားကြတဲ့ ပရီမီယာလိဂ်ဘောလုံးပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက ၄ ဂိုး ၁ ဂိုး နဲ့အနိုင်ရသွားပါတယ်။ မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ကွင်းမှာ ကစားတဲ့ပွဲမှာ မန်ယူအသင်းက အသင်းခေါင်းဆောင် ဝိန်းရူနီကို အရံခုံမှာထိုင်ခိုင်းခဲ့ပြီး၊ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ မန်ယူအတွက် ပထမဂိုးကို နောက်တန်းလူ ခရစ်္စစမောလင်းက ၂၂ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကိုတော့ ကွင်းလယ်လူ Juan Mata က ပယ်နယ်တီဧရိယာထိပ်ကနေကန်သွင်းခဲ့တာပါ။ မန်ယူအတွက် တတိယ နဲ့ စတုတ္ထဂိုးတွေကိုတော့ Marcus Rashfordနဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာတဲ့ ပြင်သစ်ကွင်းလယ်လူ Paul Pogba တို့က သွင်းခဲ့တာပါ။ ဒါဟာ Pogba အတွက်တော့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာပြီးနောက်ပိုင်း မန်ယူအတွက် ပထမဆုံးဂိုးပါ။ ဒုတိယပိုင်းမှာ လက်စတာက Gray က အဝေးကနေ ၁ ဂိုး ပြန်သွင်းခဲ့ပြီး နောက်ပိုင်းမှာ ဆက်မသွင်းနိုင်တာကြောင့် ပွဲအပြီးမှာ ၄ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။ မန်ယူအသင်းဟာ ဒီပွဲနိုင်လိုက်တဲ့အတွက် မန်ယူအသင်းဟာ ၆ ပွဲ ကစားပြီး ၄ ပွဲ နိုင် ၂ ပွဲ ရှုံးနဲ့ ၁၂ မှတ်ရထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG