သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအကြမ်းဖက်တိုက်ခိုက်မှု လုံခြုံရေးအခြေအနေ


မောင်တောခရိုင်အတွင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ
မောင်တောခရိုင်အတွင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်အတွင်း တပ်မတော်နဲ့ အကြမ်းဖက် သမားတွေ မနေ့က အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်ခဲ့ ရာမှာ မြန်မာ ဘက်က အကြမ်းဖက်သမား (၁၀)ဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ သမ္မတရုံးက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး လက်ရှိ အရှင်ဖမ်း မိထားတဲ့ အကြမ်းဖက်သမား စုစုပေါင်း (၆)ဦးလောက် ရှိေ နေ ကြာင်း မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

မောင်တောခရိုင်မှာ အကြမ်းဖက်တိုက်ခိုက် မှုတွေ ဆက်ပြီးဖြစ်နေ တဲ့ နောက်ဆုံး အခြေအနေကို စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

လက်ရှိနှစ်ဖက်တိုက်ခိုက်မှုတွေ အဓိကဖြစ်နေတဲ့နေရာဟာ မောင်တောမြို့နယ် ကြက်ရိုးပြင်နဲ့ ကျီးကန်းပြင် ကျေးရွာတွေမှာဖြစ်ပါတယ်။ ဒီရွာတွေဟာ နယ်စပ် လုံခြုံရေး စခန်းဌာနချုပ်နဲ့ အနီးဆုံးရွာတွေပါ။

မနေ့က လုံခြုံရေးစခန်းဌာနချုပ်ကို အကြမ်းဖက်သမား တချို့အဝေး ကနေ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် အကြမ်းဖက်သမားတွေ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ အဲဒီရွာတွေ မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန် အကြမ်းဖက် သမားတွေ က ပြန်လည်တိုက်ခိုက်မှုတွေလုပ်ခဲ့သလို ရွာကို မီးရှို့ဆုတ်ခွာ ထွက်ပြေး သွားကြောင်း သမ္မတရုံးရဲ့ မနေ့က သတင်းထုတ်ပြန်ချက်မှာ ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြထားပါတယ်။ မနေ့က ပစ်ခတ်တိုက်ခိုက်မှုမှာ အကြမ်းဖက်သမား စုစုပေါင်း (၁၀)ဦးကို အသေဖမ်းဆီးမိခဲ့ကြောင်းနဲ့ တလုံးထိုးသေနတ်တလက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အရှင်ဖမ်းဆီးခံထားရတဲ့ အကြမ်းဖက်သမားတွေကို သက်ဆိုင်ရာ လုံခြုံရေးတပ်တွေ ဘက်က စုံစမ်းစစ်ဆေးမှု အခြေအနေတွေနဲ့ပတ်သက် လို့ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်းကို ဗွီအိုအေက မေးမြန်းရာမှာ-

“အဲဒီအမှုကို သူ့နယ်မြေအလိုက် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ကျနော်က မောင်တောမြို့ပေါ် ရပ်ကွက်ကို တာဝန်ယူနေရပါတယ်။ ထွက်ချက်တွေကိုတော့ ကျနော်တို့ မသိသေးပါဘူး။ နယ်မြေအလိုက်အမှုဖွင့် ဆောင်ရွက် အရေးယူဖို့ရှိပါတယ်ခင်ဗျ။”

မေး။ ။ မောင်တောမြို့ပေါ်မှာရော အခြေအနေတွေ အခုဘယ်လိုရှိပါလဲရှင့်။

ဖြေ။ ။ “ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားဖို့ မနေ့က နိုင်ငံတော်အကြီး အကဲ ပြည်ထောင်စုဝန်ကြီးတွေ လာပြီးတော့မှ နှစ်ဖက် လူကြီးတွေကို ပြောဆိုပြီး၊ ပုံမှန်အတိုင်း သွားလာလှုပ်ရှားဖို့ ပြောပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ရပ်ကွက်မှာ ခရိုင်အဆင့် ကော်မတီဖွဲ့ပြီး ပြည်သူနဲ့ ထိတွေ့ပြီးတော့မှ ပုံမှန်မပြတ်သွား လာနိုင်ဖို့ ကြောင့်ကြစိုးရိမ်မှုမရှိဖို့ ကျနော်တို့ကိုယ်တိုင် အထူးကြပ်မတ်နေပါတယ်။”

ဒီအကြမ်းဖက်တိုက်ခိုက်မှုအခြေအနေတွေကို NLD အစိုးရရော ရခိုင်ပြည်နယ် အစိုးရပါ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနေ သလို ဒေသခံတွေအနေနဲ့ အစိုးရိမ်မလွန်ဖို့ မနေ့က မြို့ခံလူထုနဲ့တွေဆုံပွဲမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အခုလိုပြောသွားပါတယ်။

“စိုးရိမ်ကြောင့်ကြမှုကတော့ ရှိမှာပါ။ စိုးရိမ်ပူပန်မှုတွေရှိတယ်။ ဒီကာလမှာ ပိုပြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်အနေနဲ့ ပြောချင်တာက လိုတာထက် ပိုပြီးတော့ မစိုးရိမ်ပါနဲ့။ စိုးရိမ်ကြောင့်ကြမှုတွေများပြီးတော့ ပိုပြီးတော့ မဖြစ်သင့်တာတွေ၊ မလုပ်သင့်တာတွေ ပိုလုပ်မယ်၊ ပိုပြောမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။”

မောင်တောခရိုင် အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အခြေအနေမှန်၊ အချက်အလက်မှန်တွေကို သိရအောင် ပြန်ကြားရေး ဝန်ကြီးဦးဖေမြင့် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို အောက်တိုဘာလ (၁၁)ရက်နေ့ကနေ (၁၄)ရက်နေ့ထိ ရောက်ရှိနေပြီး ဘာ သာရေးခေါင်းဆောင်တွေ၊ ဒေသ ခံတွေနဲ့ တွေ့ဆုံမှုတွေလုပ်နေတာပါ။

အခုလို ရခိုင်ပြည်နယ် နယ်စပ်မှာ အကြမ်းဖက်တိုက်ခိုက်မှုဟာ လက်နက် ကိုင်ဆူပူ မှု ဖြစ်တယ်လို့ မြင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သံတွဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။

“မောင်တောအရေးကတော့ ကျနော်တို့ နိုင်ငံအရေးတင်မဟုတ်ပဲ ကမ္ဘာ့ အရေးဖြစ်နေတယ်။ သမိုင်းအစဉ်အလာအရ ရှည်ကြာလာနေတဲ့ကိစ္စပါ။ ကျနော်တို့နိုင်ငံမှာလည်း အခုမှ အရပ်သားအစိုးရတက်လာတဲ့အချိန်မှာ ဒီလိုဖြစ်လာတာပေါ့။ ဘယ်ပရောဂ တွေပါသလဲဆိုတာ ကျနော်တို့ စဉ်းစားရမှာပါ။ ဥပဒေကြောင်းအရပါ သွားကြမှာနဲ့တူပါတယ်။ ဒါက ကျနော်တို့အရပ်သားအစိုးရ တက်လာတဲ့အချိန်မှာ ပထမဆုံးကိစ္စပေါ့။ ဒါက တပ်နဲ့ဖြစ်တာမဟုတ်ဘူး။ ဒါကလက်နက်ကိုင်ဆူပူမှာပါ။ ဘာကြောင့်လဲ၊ ဘယ်သူတွေသွေးထိုးနေ တာလဲ ဆိုတာ ကျနော်တို့ စဉ်းစားဖို့လိုတယ်ဗျ။”

အကြမ်းဖက်တိုက်ခိုက်မှုမှာ အရှင်ဖမ်းဆီးရမိသူတွေကို တပ်မတော်က စစ်ဆေးမေးမြန်းနေပြီး ပါဝင်သူတွေနဲ့ လုယူခံရတဲ့ လက်နက်တွေအပါအဝင် အခြားလက်နက်တွေသိုဝှက်ထားတဲ့နေရာတွေကို ဖမ်းဆီး၊ ဖေါ်ထုတ်နိုင်ဖို့ ကြိုးစားနေကြောင်း တပ်မတော်အရာရှိတဦးကပြောပါတယ်။

ဒီအတောအတွင်း လုံခြံရေးအခြေအနေကြောင့် ဘူးသီးတောင် နဲ့ မောင်တော မြို့နယ်တွင်း စာသင်ကျောင်းပေါင်း (၄၀၀)နီးပါးကိုလည်း ပိတ်ထားရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG