သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေဒေးနေ့ ကမ္ဘာတဝန်းမှာ ဆန္ဒပြ


မေဒေးနေ့ New Yorkတွင် ဆန္ဒပြနေစဉ်
မေဒေးနေ့ New Yorkတွင် ဆန္ဒပြနေစဉ်

မေလ (၁) ရက်နေ့ကကျရောက်တဲ့ မေးဒေး ကမ္ဘာ့အလုပ်သမားနေ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှာ အထိမ်းအမှတ် ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ပြင်သစ် တူရကီအပါအဝင်နိုင်ငံတော်တော်တချို့မှာ မေဒေးနေ့ ချီတက်ဆန္ဒပြပွဲတွေဟာ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှု၊ အမျိုးသားရေးဝါဒပြင်းထန်တဲ့ လက်ယာစွန်းနိုင်ငံရေးအဖွဲ့တွေ အားကောင်းလာမှုတို့အပေါ် ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေကြောင့် အကြမ်းဖက် ဆန္ဒပြပွဲတွေဖြစ်ခဲ့ကြပါတယ်။

Istanbul မြို့တော် Taksim ရင်ပြင်မှာ တနင်္လာနေ့က စုဝေးဆန္ဒပြတဲ့ လူအုပ်ကြီးကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ ဒါအပြင် လူပေါင်း ၂၀၀ ထက်မနည်းကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

Istanbul မေဒေးနေ့ ဆန္ဒပြသူများ
Istanbul မေဒေးနေ့ ဆန္ဒပြသူများ

ရုရှားနိုင်ငံမှာလည်း လူပေါင်း ၁၀၀,၀၀၀ ကျော် မေးဒေးနေ့ အထိမ်းအမှတ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မော်စကိုမြို့တော်နဲ့ စိန့် ပီတာစဘတ်မြို့အပါအဝင် နိုင်ငံအနှံ့မြို့အတော်များများမှာ ဆန္ဒပြသူတွေကို ရဲတွေက ဖမ်းဆီးခဲ့ပြီး လူပေါင်း ၁၂၀ ကျော် အဖမ်းခံခဲ့ရတယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။

ပြင်သစ်ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲဝင်မယ့် လက်ယာစွန်း အမျိုးသားရေးဝါဒီ Marie Le Pen ကို မကျေနပ်ကြတဲ့ Paris မြို့တော်က ဆန္ဒပြသူတချို့က မီးလောင်ဗုံးတွေပစ်ပေါက်ခဲ့ကြသလို ရဲတွေနဲ့ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။

စပိန်နိုင်ငံ မေဒေးနေ့
စပိန်နိုင်ငံ မေဒေးနေ့

အာရှနိုင်ငံတွေမှာလည်း မေးဒေးနေ့ အခမ်းအနား ကျင်းပရာမှာ မြန်မာနိုင်ငံမှာလည်း အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင် မြို့တော်မှာ အထည်ချုပ်စက်ရုံအလုပ်သာမား ၁,၀၀၀ ကျော်ဟာ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ဖို့နဲ့ လွတ်လပ်စွာ စုရုံးခွင့် စတဲ့ အချက်တွေကို အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ စနစ်ပြောင်းဖို့ ဆန္ဒပြသူတွေက တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အလားတူ ဟောင်ကောင်နဲ့ တိုင်ပေတို့မှာလည်း မေးဒေးနေ့ ချီတက်ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။

မေဒေးနေ့ ကမ္ဘာတဝန်းမှာ ဆန္ဒပြ
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG