သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို မီးရှုးမီးပန်းဈေးပေါက်ကွဲမှု လူ ၃၁ ထက်မနည်း သေဆုံး


မက္ကဆီကို မီးရှုးမီးပန်းဈေးပေါက်ကွဲ
မက္ကဆီကို မီးရှုးမီးပန်းဈေးပေါက်ကွဲ

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့နားက လူစည်ကားတဲ့ မီးရှုးမီးပန်းဈေးတခုမှာ အင်္ဂါနေ့က ပေါက်ကွဲမှုကြီးဖြစ်တာကြောင့် လူ ၃၁ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၇၀ ဒဏ်ရာရသွားပါတယ်။

မြို့တော်ရဲ့မြောက်ဘက် ကီလိုမီတာ ၃၀ လောက်မှာရှိတဲ့ Tultepec မြို့နယ်က San Pablito ဈေးမှာ ခရစ္စမတ်စ်နဲ့ နှစ်သစ်ကူး အားလပ်ရက်ကာလတွေအတွက် မီးရှုးမီးပန်းဝယ်တဲ့လူတွေနဲ့ ပြည့်နေခဲ့တာပါ။

ဈေးထဲက မီးရှုးမီးပန်းနဲ့ ဗျောက်အိုးတွေမှာသုံးတဲ့ ယမ်းတွေပါက်ကွဲတာကြောင့် မီးခိုးလုံးကြီး ထိုးတက်သွားပြီး လူတွေလည်း ဘေးကင်းရာကို ထွက်ပြေးကြပါတယ်။ ဈေးထဲက ဆိုင်အများစုကတော့ ပျက်စီးသွားပါပြီ။

ပေါက်ကွဲမှုခြောက်ခုကြောင့် ထိခိုက်ပျက်စီးရတာဖြစ်ပြီး လက်နက် ခဲယမ်းနဲ့ ဖောက်ခွဲရေး ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ ဆိုတာနဲ့ ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရ ရှေ့နေချုပ်ရုံးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို အကူအညီပေးရေး အရေးပေါ်လုပ်သားတွေ ဝင်ရောက်ဖို့ရာ ဘေးအန္တရာယ်ကင်းတဲ့ အခြေအနေကို ရောက်ဖို့ နာရီအတော်ကြာကြာ စောင့်ခဲ့ကြရပါတယ်။ ဒဏ်ရာရသူတွေထဲက ၂၁ ဦးကိုတော့ ဒီကနေ့အစောပိုင်းမှာ ဆေးရုံကနေ ပြန်ဆင်းခွင့်ပြုလိုက်ပါပြီ။

သေဆုံးသူတွေအတွက် ဝမ်းနည်းရပါကြောင်းနဲ့ ဒဏ်ရာရသူတွေ အမြန်ဆုံး ပြန်ပြီးကောင်းမွန်လာပါစေကြောင်း မက္ကဆီကိုသမ္မတ Enrique Pena Nieto က Twitter မှာရေးပါတယ်။ ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေတုန်းကလည်း အဲဒီဈေးမှာပဲ ပေါက်ကွဲမှုနဲ့ မီးလောင်မှုတွေဖြစ်တာကြောင့် ဆိုင်အများအပြား ပျက်စီးသွားခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG