သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းတပ်တိုက်ပွဲ လူငယ် ၆ ဦးသေဆုံး၊ CDF ထုတ်ပြန်


ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၏ အမှတ်တံဆိပ်။
ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၏ အမှတ်တံဆိပ်။

(Zawgyi / Unicode)

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း လူငယ် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီလူငယ် ၆ ဦးဟာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုရာက မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဖြစ်ပေါ်နေခဲ့တာမှာ နှစ်ဖက် အသေအပျောက်တွေ ရှိခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က မနေ့ မေလ ၁၅ ရက်နေ့မှာတော့ လေကြောင်းအပါအဝင် တပ်အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က လူနေအိမ်တွေထဲ အကန့်အသတ်မရှိ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် ဒေသခံအများအပြားလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တချိန်တည်းမှာပဲ ချင်းပြည်နယ်မြို့တော် ဟားခါးမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံ လူငယ်တွေကို ပြန်လွှတ်မပေးရင် သူတို့ဖမ်းထားတဲ့ ယာဉ်ထိန်းရဲ ၃ ဦးနဲ့ ဒလန် ၁ ဦးတို့ကို သေဒဏ်ချမယ်လို့ Chinland Defense Force (CDF) အဖွဲ့ဝင်တဦးပြောတာကို ကိုးကားပြီး မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)







XS
SM
MD
LG