သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Miss World Crown မှန်းထားတဲ့ ဝါရှင်တန်ရောက် မြန်မာအလှမယ်


Miss World အလှမယ်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မြတ်သီရိလွင်
Miss World အလှမယ်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မြတ်သီရိလွင်

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကျင်းပမယ့် Miss World အလှမယ်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုပြီး ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံအလှမယ် မြတ်သီရိလွင် ခေါ် Bella ဝါရှင်တန်ဒီစီကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၂၀ က အလှမယ်တွေအကြား တဦးချင်းစီမှာ ကိုယ့်အရည်အချင်းနဲ့ကိုယ် လွတ်လပ်စွာယှဉ်ပြိုင်နိုင်မှာမို့၊ သူ့အနေနဲ့လည်း Miss World Crown ကို ရည်မှန်းပါတယ်လို့ မြန်မာအလှမယ်က ပြောပါတယ်။ မြန်မာအလှမယ် မြတ်သီရိလွင်ကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားတာပါ။

မေး။ ။ အခု မြတ်သီရိလွင် နောက်ပြီးတော့ Bella လို့လည်း လူသိများတယ်လေ အခုမြန်မာနိုင်ငံကို ကိုယ်စားပြုပြီး Miss World၂၀၁၆ ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ရောက်လာပြီဆိုတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြိုင်ပွဲက စတော့မယ်လေ ၊ ဒီပြိုင်ပွဲအတွက် ကျင့်နေရတဲ့အခြေအနေတွေ အဲဒါတွေပြောပြပါရှင့်။

ဖြေ။ ။ ညီမတို့ Rehearsal ကတော့ Final အတွက် အကုန်လုံးပြီးသလောက်တော့ရှိသွားပြီ ၊ အကုန်လုံးပေါ့နော်။ ညီမတို့ ဒီကြားထဲ New York ကိုသွားလည်တယ်Rehearsal ကတော့နေ့တိုင်းလိုလိုပဲ၊ ပြီးတော့ ဒီမှာက challenge တွေအများကြီးရှိတယ် sport challenge တွေနဲ့ တခြားခြားသော challengeတွေရှိတယ်။ နောက်ပြီး Talent ကတော့ ပြီးသွားပြီ ၊ သူတို့ finalist တွေလည်း ရွေးပြီးသွားပြီ sport challenge ကတော့ မနက်ဖြန် Final ပေါ့နော်။

မေး။ ။အဲဒီတော့ ညီမ သူတို့တွေနဲ့အပြိုင်ပေါ့နော် လေ့ကျင့်ရတယ် ၊ activity တွေလုပ်တဲ့အခါမှာတို့ ညီမတို့ အခက်အခဲတွေရော ဘာတွေရှိသလဲ။

ဖြေ။ ။ ထွေထွေထူးထူးတော့ သိပ်မရှိဘူး။ ဘာလဲဆိုတော့ ပင်ပန်းတယ်၊ နေ့ရော ညရော သိပ်မနားရဘူး။ အဓိကတော့ ညီမ အိပ်ရေးပျက်တယ်။ အဲဒါအခက်အခဲတခု နောက် အရမ်းအေးတယ်၊ ညီမတို့မြန်မာနိုင်ငံက ရာသီဥတုနဲ့ ဝါရှင်တန် ရာသီဥတုနဲ့က တခြားစီ ၊အရမ်းအေးတော့ ကိုယ်က တခါတလေ အဲဒီလောက်အေးမယ်လို့ မထင်ထားတဲ့အချိန်မှာ ဝတ်သွားမိတဲ့ အဝတ်အစားနဲ့ အပြင်လည်းရောက်ကော အရမ်းချမ်းတော့ ဒေါက်ဖိနပ်စီးတဲ့ အခါမှာလည်း ဖိနပ်ပေါက်တာတွေရှိတယ်။ အဲဒါအခက်အခဲတွေပါပဲ။

မေး။ ။ အဲဒီတော့ ပြိုင်ပွဲအတွက် အဲဒါကလည်း အရမ်းအရေးကြီးတော့ လမ်းလျှောက်တဲ့အခါလည်း ဘယ်လိုနေမလဲ အဲဒီအတွက်

ဖြေ။ ။ ညီမအခု ဆေးတော့ လိမ်းနေတယ် အဓိကတော့ မြန်မြန်ပျောက်ရင်ကောင်းတာပေါ့နော်၊ တကယ်လို့ Final နေ့မှ မပျောက်ရင်လည်း အကောင်းဆုံးလုပ်ရမှာပဲလေ ။ ကိုယ်က Final ရောက်လာပြီဆိုတော့ စင်ပေါ်မှာ အကောင်းဆုံးလျှောက်ရမယ် ဘယ်လောက်ပဲ နာနေ။ Finalမဟုတ်တဲ့ Rehearsal မှာတောင် နည်းနည်းလေး ခိုလို့မရဘူး ၊ ခိုလိုက်တာနဲ့ သူတို့က အော်တယ်၊ ပြောတယ်၊ အဲဒီလို Camp သွင်းနေသလိုမျိုး တကယ်စင်ပေါ်မှာ ရောက်နေသလိုမျိုး အကောင်းဆုံးလုပ်ရတယ်။

မေး။ ။ အဲဒီတော့ ညီမ ပြိုင်ပွဲ ၁၈ ရက်နေ့အတွက်လည်း အကောင်းဆုံးဖြစ်နေပြီပေါ့နော်။

ဖြေ။ ။ ဟုတ်ကဲ့

မေး။ ။ နောက်ပြီးတော့ ဒီ Miss World အတွက် ဒီနှစ် ဘယ် နှစ်နိုင်ငံ ပါဝင်ပါသလဲ။

ဖြေ။ ။ ဒီနှစ် Miss World က နိုင်ငံ ၁၂၀ ပါတယ်။

မေး။ ။ မနှစ်က ဒီ Miss World ကရော ဒီနှစ်မှာ ရောက်နေပြီလား။

ဖြေ။ ။ ဟုတ်ကဲ့ အခုရောက်နေပြီ ၊ လွန်ခဲ့တဲ့ ၁ ရက် ၂ ရက်ကတည်းက သူ့ကို စတွေ့တာပေါ့နော် အခုရောက်နေပြီ မနှစ်က Miss World ရသွားတာက Spain။

မေး။ ။ ဟုတ်ကဲ့ အခု ဒီ Miss World ပြိုင်ပွဲမှာ ညီမ ဘာတွေမှန်းထားသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာကျတော့ ဘယ်သူရမယ် မရဘူးဆိုတာ မှန်းနိုင်တာပေါ့နော် ၊ ဒီမှာ က ၁၂၀ နောက် အကုန်လုံးက လှတယ်၊ တယောက်စီမှာ သူ့အရည်အချင်းနဲ့ သူရှိတယ်။ ဒီမှာက Challenge တွေက ကိုယ်က talent မှာအဆင်မပြေရင် sport မှာ အရမ်းထူးချွန်တဲ့လူတွေရှိတော့ မနက်ဖြန်တိုင်း မှာ မျှော်လင့်ချက်တွေရှိတယ်။ ကိုယ့်အတွက် chance တွေလည်း အများကြီးရှိတယ်။ ဘယ်သူ့ကိုမှ ဘက်လိုက်တာလည်း မရှိဘူး၊ ဆိုတော့ ညီမကတော့ Crown ကိုမှန်းထားပါတယ်။

မေး။ ။ အခု ညီမ ပြင်ဆင်ထားတဲ့ ဝတ်စုံတွေမှာရော ထူးခြားချက်တွေ ဘာတွေရှိသလဲ။

ဖြေ။ ။ ထူးခြားချက်ကတော့ ညီမ national costume ကို အရမ်းကြိုက်တယ် အဲဒါအတွက်လည်း အကောင်းဆုံးပြင်ဆင်ထားတယ်။ ဒါပေမယ့် ညီမ အခုသိလိုက်ရတာက ၊ Round 3 ခုပဲ ပါမယ်၊ National costume ပြုတ်သွားတဲ့အတွက် National costume ကတော့ ဒီမှာ ပြလို့မရဘူးပေါ့နော် တခြား Design ကတော့ final အတွက် evening gown ကို ညီမ ဒီဇိုင်းနဲ့ ဒီဇိုင်နာ မလတ် ရဲ့ ဒီဇိုင်းနဲ့ လုပ်ထားတာ အဝါရောင် အကြီးကြီးပဲ ညီမအရမ်းကြိုက်တယ်။

မေး။ ။ Good Luck ပါ ညီမ ကံကောင်းပါစေ ပြိုင်ပွဲအတွက်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG