သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ စစ်အုပ်ချုပ်ရေးအမိန့် MNDAA ကိုးကန့်အဖွဲ့ ပယ်ဖျက်


ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေ အပါအဝင် ကိုးကန့်ဒေသမှာ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့် အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း MNDAA ကိုးကန့်အဖွဲ့က ဇန်နဝါရီလ ၁၄ ရက်နေ့က ကြေညာပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီအလိုကျ လက်အောက်ခံ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ ထုတ်ပြန်ခဲ့တဲ့ အမိန့်၊ ကြေညာချက်နဲ့ စစ်အုပ်ချုပ် ရေး အမိန့်အားလုံးကို ပယ်ဖျက်လိုက်တာဖြစ်ပြီး ယခင်ကရှိခဲ့တဲ့ ဥပဒေတွေကို အပြည့်အဝ ပြန်လည်ကျင့်သုံးကြောင်း နဲ့ မရှင်းလင်းတာရှိရင် သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တွေကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း MNDAA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့နဲ့အတူ TNLA တအာင်း တပ်ဖွဲ့၊ AA ရခိုင့်တပ်တော်တို့ ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေနဲ့ မြို့နယ်ဒေသ အများအပြားကို တိုက်ခိုက် သိမ်းယူတာတွေ လုပ်ခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ စစ်ကောင်စီက ကိုးကန့်ဒေသတချို့မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာဖြစ်ပြီး အခုတော့ ဒီအမိန့်တွေ အားလုံး အကျုံးမဝင်တော့ကြောင်း MNDAA က ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG