သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ကမ္ဘာတဝှမ်း ကျေးကျွန်သဖွယ်ခိုင်းစေခံရသူ ၄၅ သန်းကျော်ရှိ


ငါးဖမ်းလုပ်ငန်းတွေ လုပ်ကိုင်နေသူများ။
ငါးဖမ်းလုပ်ငန်းတွေ လုပ်ကိုင်နေသူများ။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက လူပေါင်း ၄၅ သန်းကျော်ဟာ ပုံစံမျိုးစုံနဲ့ ခေတ်သစ် ကျေးကျွန်တွေလို ခိုင်းစေတာကို ခံနေရတယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ကမ္ဘာတဝန်း ကျွန်ပြုခိုင်းစေခံရမှုဆိုင်ရာ အညွန်းကိန်း Global Slavery Index အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနဲ့ Uzbekistan နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ ကျွန်ပြုခိုင်းစေခံရမှု အရေအတွက် အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ ပါဝင်သလို၊ သူတို့နိုင်ငံတွေရဲ့ လူဦးရေနဲ့ အချိုးချကြည့်ရင်လည်း ကျွန်ပြုခိုင်းစေမှုနှုန်း အမြင့်ဆုံး ရှိတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

Uzbekistan နိုင်ငံသားတွေ ဟာ အစိုးရရဲ့ဝါဂွမ်း ခူးတဲ့လုပ်ငန်းတွေမှာ အတင်းအဓမ္မ စေခိုင်းခံကြရပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ် ခံရတဲ့ အကျဉ်းသားတွေကြား ကျွန်ပြုခိုင်းစေခံရမှု အမြင့်ဆုံးရှိတဲ့ နိုင်ငံတခု ဖြစ်တဲ့အပြင် လိင်ပိုင်းဆိုင်ရာ စီးပွားရေး အမြတ်ထုတ်မှုတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးတွေကို အလိုမပါဘဲ အတင်းအကျပ်လက်ထပ်ခိုင်းပြီး ကျွန်ပြုတာတွေ အများဆုံးရှိတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ ကျွန်ပြုခိုင်းစေခံရတဲ့ လူဦးရေ ငါး သိန်း ကျော်ရှိပြီး ကျွန်ပြုခိုင်းစေခံရမှုဆိုင်ရာ အညွှန်းကိန်းအရ အဆင့် ၁၂ မှာရှိတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ ကျွန်ပြုခိုင်းစေမှုနှုန်း နည်းပါးပြီး အနည်းဆုံး နိုင်ငံတွေထဲမှာတော့ အနောက်ဥရောပနိုင်ငံတွေနဲ့၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေ ပါဝင်ပါတယ်။ နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို လေ့လာပြုစုထားတဲ့ ဒီအစီရင်ခံစာထဲမှာ လက်တလော ပြည်တွင်းစစ် ပဋိပက္ခတွေ ရှိနေတဲ့ အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေတော့ မပါဝင်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG