သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေဂြိုလ်ရဲ့လမှာ သက်ရှိနေနိုင်


စနေဂြိုလ်ရဲ့လ (Courtesy NASA)
စနေဂြိုလ်ရဲ့လ (Courtesy NASA)

စနေဂြိုဟ် (Saturn) မှာ ရှိတဲ့ လဟာ သက်ရှိသတ္တဝါတွေ နေထိုင်နိုင်မယ့် နေရာသစ် အဖြစ် ရှိနေတယ်လို့ အမေရိကန် အာကာသ စူးစမ်း လေ့လာရေးအဖွဲ့ နာဆာက ပြောပါတယ်။

ဒီလရဲ့ မျက်နှာပြင်မှာ အေးခဲနေတဲ့ သမုဒ္ဒရာပြင်နဲ့ ဖုံးလွှမ်းနေတာကို နာဆာကနေ လွှတ်တင်ထားတဲ့ Cassini အာကာသယာဉ်ကနေ တွေ့ရှိခဲ့ရပြီး အဲဒီမှာ ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ အမြောက်အများ ရှိနေတယ်လို့ ပြောပါတယ်။ ဒီဓါတ်ငွေ့ဟာ လူသားတွေနဲ့ တခြားသက်ရှိတွေ အသက်ရှင်နေနိုင်ရေးအတွက် အဓိက ဓါတုစွမ်းအင်တမျိုးလို့ ဝါရှင်တန်မှာ ရှိတဲ့ နာဆာ သိပ္ပံအဖွဲ့က Thomas Zurbuchen ကပြောပါတယ်။

Enceladus လို့ခေါ်တဲ့ ဒီစနေဂြိုဟ်ရဲ့ လဟာ သက်ရှိတွေ ရှင်သန်ရေးအတွက် လိုအပ်တဲ့ အခြေနေတွေ ရှိနေတဲ့ ဂြိုဟ်တလုံးဖြစ်ပြီး ဒီဂြိုဟ်ကို တွေ့ရှိတာကနေ စင်္ကြာဝဋ္ဌာကြီးထဲမှာ လူသားတွေ နေထိုင်ရာကမ္ဘာဟာ အထီးကျန်မဟုတ်ပဲ တခြားသက်ရှိနေနိုင်တဲ့ ဂြိုဟ်တွေ ရှိနေတယ် ဆိုတာကို ပြောနိုင်ဖို့ နီးစပ်လာပြီလို့လည်း နာဆာက ကျေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

Cassini အာကာသယာဉ် စီမံကိန်းက သုတေသန ပညာရှင်တွေရဲ့ ဒီတွေ့ရှိချက်ကို ကြာသပတေးနေ့က သိပ္ပံစာစောင်မှာ တင်ပြထားပါတယ်။ ဒီအာကာသယာဉ်ကနေ ၂၀၁၅ အောက်တိုဘာလ ထဲမှာပဲ စနေဂြိုဟ်ရဲ့ လ Enceladus ကနေ ထွက်နေတဲ့ ဓါတ်ငွေ့တန်းထဲမှာ ဟိုက်ဒရိုဂျင်ဓါတ် ပါဝင်နေတာ ကို တိုင်းတာ နိုင်ခဲ့ပါတယ်။ ဒီဓါတ်ငွေ့တန်းမှာ ရေက ၉၈ % လောက်ပါဝင်ပြီး ဟိုက်ဒရိုဂျင်က ၁ % လောက် ပါနေသလို ကာဗွန်ဒိုင် အောက်ဆိုက်၊ မီသိန်းနဲ့ အမိုးနီးယားဓါတ်တွေလည်း ပါဝင်နေတာပါ။

သက်ရှိတွေ ရှင်သန်နိုင်ဖို့ အဓိကအဖြစ် ရေ၊ စွမ်းအားပေးနိုင်မယ့် အရင်းမြစ် နဲ့ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်နဲ့ တခြား ဓါတ်ငွေ့တွေ ပါဝင်တဲ့ ဒြပ်ပေါင်းတွေ လိုအပ်ပါတယ်။

စနေဂြိုလ်ရဲ့လမှာ သက်ရှိနေနိုင်
please wait

No media source currently available

0:00 0:00:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG